မြန်မာနိုင်ငံရဲ့နိုင်ငံရဲ့နိုင်ငံရေးပြဿနာများဟာကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ ဒီတော့ဒါတွေကိုနားလည်ဖို့ဆိုရင်အတတ်နိုင်ဆုံး အားလုံးရင်ထဲမှာဘာတွေရှိနေလဲဆိုတာ ကိုယ်ချင်းစာတရားရှေ့ထား နားထောင်တတ်ဖို့လိုပါတယ်။ အားလုံးရဲ့ဆန္ဒများကို နိုင်ငံရေးမှာလိုက်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ မိသားစုထဲမှာတောင် အားလုံးရဲ့ဆန္ဒများကို လိုက်လုပ်ပေးဖို့မဖြစ်နိုင်သလို၊ ကိုယ့်တကိုယ်ရေဆန္ဒများကိုတောင် အချိန်အတော်များများမှာ အလိုမကျနိုင်သလို၊ အကောင်ထည်ဖော်ဖို့ခက်ခဲပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့နိုင်ငံမှာဆိုရင်တော့၊ နိုင်ငံတည်ထောင်တဲ့နေရာမှာ အားလုံးရဲ့ဆန္ဒများကို အကောင်ထည်ဖို့ဆိုတာ လက်တွေ့မကျပါ။ နိုင်ငံရေးကို လုပ်တာ လိုအပ်ချက်အရ၊ လက်တွေ့ကျကျလုပ်ကြရတာဖြစ်တဲ့အတွက် အားလုံးဆန္ဒများနောက် မလိုက်မိကြဖို့လိုပါတယ်။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။
Comments
Post a Comment