ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဘာကြောင့်အာဏာမသိမ်းလဲ? သမိုင်းဆိုင်ရာဆက်စပ်မှုများ
-
သူဘာအမှားတွေလုပ်ခဲ့တာလဲ - ၁
သူအခုချိန်ထိ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ဆိုတယ်။ ၈၈ မှာ ဦးနေဝင်းက ၃ လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ် လို့ပြောတယ်။ ကြားဖြတ်အစိုးရကို လက်ခံရင်တော့ သူကြိုးစင်တက်ရမှာဖြစ်လို့ လုံးဝလက်မခံနိုင်ဘူး။ ဒီတောင်းဆိုချက်ဟာ KIA တောင်းဆိုတဲ့ အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ် လုပ်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုချက်မျိုးလို သူ့အတွက်ကလဲ လုံးဝမဖြစ်နိုင်ဘူး။ တဖက်ကလဲ ကြိုက်တာရွေး။ သူ့ရွေးကောက်ပွဲ လက်မခံရင် စစ်တပ်လက်ထဲ လွှဲလိုက်မယ်လို့ လေသံပစ်ထားတယ်။ ဦးနု ဦးသုဝေ ဗိုလ်မှူးအောင်က လက်ခံရင် တစ်ပါတီကနေ ပါတီစုံဖြစ်လာမယ်။ လက်မခံလို့ တပ်ကိုလွှဲရင် တစ်ကပြန်စရမယ်။ ဒါကြောင့် တော်လောက်ပြီ ရပ်လိုက်ကြစို့ ပြောတယ်။ ဒါပေမယ့် သူက လက်မခံဘူး။ လူထုကို ဆက်လက်ပြီး တိုက်ပွဲဝင်ခိုင်းတယ်။ အဲဒါနဲ့ နောက်ထပ် ၂၈ နှစ်ထပ်ကြာသွားတယ်။ ဘယ်သူမှားသလဲ ???
ဦးနေဝင်းဟာ သူ့ဆီက အာဏာကို စစ်တပ်ကထပ်သိမ်းမှာ အင်မတန် ကြောက်တဲ့လူ။ ဒါကို သူပြည်ပခရီးထွက်တိုင်း ကာကွယ်ရေးဦးစီးချုပ်ကို သူနဲ့အတူ ခေါ်သွားတာကိုကြည့်ရင် သိနိုင်ပါတယ်။တကယ်တော့ ဗိုလ်ချုပ်ကြီးကျော်ထင်ပြီးရင် စီနီယာအရဆိုရင် ဗိုလ်ချုပ် Tun Yee ဦးစီးချုပ် ဖြစ်လာရမှာပါ။ ဗိုလ်ချုပ်Tun Yee ဟာ ခြေလျင်တိုက်ခိုက်ရေးကလာတဲ့ တိုက်ခိုက်ရည်ကောင်းတဲ့ စစ်သားတယောက်ဖြစ်ပြီး တပ်တွင်းမှာလဲ သူ့ကိုချစ်ကြောက်ရိုသေကြပါတယ်။ တကယ်လို့ သူအာဏာသိမ်းရင် တပ်မတော်တရပ်လုံး သူ့ကိုထောက်ခံကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါတီဖက်ကို ကန်ထုတ်ပြီး ဗိုလ်ချုပ်စောမောင်ကို ဦးစီးချုပ် ခန့်ခဲ့ပါတယ်. သူုလုပ်ပေးတဲ့ ရွေးကောက်ပွဲကို လက်မခံလို့ စစ်တပ်လက်ထဲ လွှဲလိုက်ရတယ်။
ကြာကြာမထားချင်ဘူး ဗိုလ်ချုပ်စောမောင် အရသာသိသွားရင် သူဒုက္ခရောက်မှာကိုကြောက်တယ်။နောက်ဆုံး ဘယ်လိုမှ တားမနိုင်တော့တဲ့ အဆုံးမှာ စစ်တပ်က အာဏာသိမ်းဖို့ ဗိုလ်စောမောင်ကို အမိန့်ပေး လိုက်တာဟာ ဦးနေဝင်းကိုယ်တိုင် သူမလုပ်ချင်ဆုံး အလုပ်ကို လုပ်လိုက်ရတာလို့ သိရပါတယ် ၁၉၅၈ ကနေ ၁၉၆၀ ထိ ဦးနေဝင်းအိမ်စောင့်အစိုးရ တာဝန်ယူခြင်း
ဆွေးနွေးသူများ
- ကိုကျော်ငြိမ်းမိုး
- ကိုငြိမ်းချမ်းမောင်
Comments
Post a Comment