မြန်မာနိုင်ငံဟာကမ္ဘာ့အင်အားကြီး ၂ နိုင်ငံကြားတည်ရှိနေတဲ့ နိုင်ငံငယ်လေးဖြစ်တယ်။
အနောက်နဲ့တရုတ်အားပြိုင်မှုမှာ အနောက်ရဲ့ဖိအားပေးအကြပ်ကိုင်မှု၊ ဝင်ရောက်စွက်ဖက်မှုလုပ်တိုင်း တရုတ်ဟာမြန်မာနိုင်ငံကို သံတမန်ရေးအရအကာအကွယ်ပေးတယ်ဆိုပေမယ့် အခြားတစ်ဖက်မှာလည်း ဒီအခြေနေအခွင့်ရေးကိုယူပြီး မြန်မာနိုင်ငံကို နောက်ဖေးပေါက်က ခိုးယူမှုတွေ၊ အမြတ်ထုတ်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံတည်ရှိမှုရဲ့အနာဂတ်ဟာ အနောက်အုပ်စုရဲ့ အင်အားနဲ့ တရုတ်ရဲ့အင်အားပြိုင်ဆိုင်မှုအပေါ်အများကြီးမူတည်နေသလို၊ တရုတ်ရဲ့ west expansion ပေါ်လစီအရ၊ 2 oceans policy မြန်မာနိုင်ငံကို ပုံစံတမျိုးမျိုးနဲ့ ကျူးကျော်သိမ်းပိုက်ထိန်းချုပ်မယ့်အနေအထားရှိနေပါတယ်။
ဒါကြောင့်တရုတ်ဟာ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းလား၊ အနီးကပ်ဆုံးရန်သူလားဆိုတာကို၊ မြန်မာပြည်သူတွေကြိုတင်စိတ်ပိုင်းဖြတ်ထားဖို့လိုမယ်ထင်ပါတယ်။
ဆွေးနွေးသူများ
- ကိုကျော်ငြိမ်းမိုး
- ကိုနော်မန်
- ကိုအောင်မင်း
Comments
Post a Comment