မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ (အမေစုသားလင်းလင်း)
-
ကော်ရီးစာရေးလိုက်တယ်ညီမလေး...
မှင်မစိုဖြစ်တော့တဲ့ကော်ရီးလက်နုနုတွေ
လွမ်းတယ်ညီမလေးရယ်
ခုကော်ရီးကမ္ဘာမြို့ကြီးတွေထဲက
ကမ္ဘာကျော်မြို့တစ်မြို့ဖြစ်တဲ့
မိုင်ယာမီမြို့ရဲ့ကမ်းခြေမှာပေါ့
ဒီကမ်းခြေဘေးကဟိုတယ်လ်မောတယ်လ်လှလှလေးတွေမှာ
ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားမင်းသမီးတွေ
ရုပ်ရှင်လာရိုက်ကြ၊ အနားယူကြနဲ့
ကမ္ဘာ့နှစ် ၁၀၀ သက်တမ်းဝင်
အဲလ်ပါစီနိုရဲ့ Scarface လိုရုပ်ရှင်မျိုး
အချစ်ကြောင့်တော့မဟုတ်ဘူး
ဘာလိုလိုတမ်းတမ်းတတဖြစ်မိတော့
မိုး���ြင့်အောင်ထိုးထိုးထောင်ထောင်တိုက်ကြီးတွေ
လှပလန်းဆတ်တဲ့ပင်လယ်အုန်းတန်းတွေ
ပြုံးပျော်အပန်းဖြေနေကြသူတွေမြင်တော့
သတိရမိပါတယ်
ကော်ရီးလွမ်းတယ်ညီမလေး
ကော်ရီးအခုကမ္ဘာ့အရပ်ဒေသအသီးသီးကလာကြသူတွေနဲ့
Tour Bus ကြီးပေါ်မှာ
ကောင်ကင်တစ်မိုးအောက်ခရီးသွားများပါ
လက်ဖဝါးနဲ့လက်ဖမိုးနဲ့
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ....
Comments
Post a Comment