အမျိုးသားရေးတီရှပ်ဖြူဝတ်ဆင်၍
ကမ်ပိန်းပြုလုပ်ကြမည့် အစီအစဥ်
------
၁။ လူဦးရေ အနည်းဆုံး(၃)ဦးမှ (၂၀)ဦးခန့်ရှိမည့် လူအုပ်စုဖြင့် ဆောင်ရွက်မည်။
၂။ အပေါ်တီရှပ်ဖြူနှင့် အောက်ခံ ဂျင်းပင်ပြာ(အဆင်မပြေက နှစ်သက်ရာ)ဝတ်ဆင်ပါ။
၃။ ကိုဗစ်ကာလဖြစ်သည့် အတွက်Mask/Face Shield/ လက်အိတ်/ခေါင်းစွပ် စသည့် အကာအကွယ်များ အသုံးပြုနိုင်သည်။
၄။ ဓာတ်ပုံရိုက်သရုပ်ပြရာတွင်-
လက်မထောင်လက်ရှေ့ဆန့်တန်းခြင်း၊
လက်တစ်ဘက်လက်သီး ဆုပ်ပြီး မြှောက်ထားရမည့် အနေအထား ဖြစ်ရပါမည်။
၅။ (၃)မိနစ်ခန့်ကြွေးကြော်မှု သရုပ်ပြ ဗီဒီယိုဖိုင်ရိုက်ကူးရာ၌
ကြွေးကြော်ရမည့်စာသား-
- လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
- တို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ဒို့တာဝန်အရေး(၃)ပါး(ကြွေးကြော်သံ)
- ပြည်ထောင်စုမပြိုကွဲရေး (ဒို့အရေး)
- တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး (ဒို့အရေး)
- အချုပ်အခြာအာဏာတည့်တံ့ ခိုင်မြဲရေး (ဒို့အရေး)
- တိုင်းတစ်ပါးဩဇာခံနိုင်ငံရေးပါတီများ (အလိုမရှိ)
- တိုင်းတစ်ပါးဩဇာခံအရပ်ဖက်အဖွဲ့ အစည်းများ (အလိုမရှိ)
- ပြည်ဖျက်မီဒီယာများ (အလိုမရှိ)
- အွန်လိုင်းပေါ်ကလူသတ်ခြင်းများ (ဆန့်ကျင်ကြ)
- လေလှိုင်းပေါ်က လူသတ်ပွဲများ (ဆန့်ကျင်ကြ)
- အဖျက်သမားများ ကျဆုံးပါစေ
- မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ
၆။ (၁၀.၉.၂၀၂၁)တွင် စတင်ပြုလုပ် ရန်၊မိမိ Facebook ၌ Profiel တင်ရန်၊နေ့သစ်Page (သို့)တာဝန်ခံသို့ ပြုလုပ်ထားသည့် Photo နှင့် Movie ပြန်လည် ပို့ပေးပါရန်။
၇။အင်္ကျီဝတ်ဆင်ပြီး ပရိုဖိုင်ပြောင်းရန် အခက်အခဲရှိသူများအနေဖြင့် အောက်ဖော်ပြပါ အကြမ်းဖက်မှု ဆန့်ကျင့်ရေး Logo အား(၁၀.၉.၂၀၂၁)မှ (၁၉.၉.၂၀၂၁)နေ့အထိ Facebook ပရိုဖိုင်ပြောင်းပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်...။
Comments
Post a Comment