ယဉ်ကျေးမှုစစ်ပွဲများဆိုတာက၊ နိုင်ငံတွင်းက ကိုးကွယ်ရာဘာသာ၊ ဘာသာစကား၊ လူမျိုး၊ ဓလေ့ထုံးတမ်းတွေ၊ ကျင့်စဉ်တွေမတူကြသူများ၊ အုပ်စုများကြားမှာဖြစ်နိုင်သလို၊ မတူညီတဲ့ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာနိုင်ငံတွေကြားမှာလည်းဖြစ်တတ်တဲ့ စစ်ပွဲများဖြစ်ပါတယ်။
ယဉ်ကျေးမှုစစ်ပွဲများရဲ့ အဓိကရည်ရွယ်ချက်က အုပ်စုတစ်ခုက၊ အခြားအုပ်စုတစ်ခုကို control ထိန်းချုပ်နိုင်ဖို့ရယ်၊ Territory ပထဝီနယ်မြေဒေသကိုထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်။
ယဉ်ကျေးမှုစစ်ပွဲတွေ၊ violent conflicts တွေဘယ်အချိန်မှာဖြစ်တတ်သလဲဆိုရင်၊ နိုင်ငံတစ်ခုနိုင်ငံရေးအရကြီးမားတဲ့အပြောင်းအလဲတွေ၊ စနစ်အပြောင်းအလဲတွေဖြစ်ချိန်မှာဖြစ်တတ်သလို၊ အုပ်စုတစ်စုရဲ့ လူဦးရေဟာ အဆမတန်တိုးပွားများပြားလာတဲ့အချိန်မှာလည်း ဖြစ်တတ်ပါတယ်။
ဖြစ်ခဲ့တဲ့ဒေသများနဲ့နိုင်ငံများကို မြင်သာအောင်ပြပါဆိုရင်၊ အရင်ဆိုဗီယက်ပြည်ထောင်စုဟောင်း၊ ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်း၊ အင်ဒိုနီးရှားတို့မှာ နိုင်ငံရေးနဲ့ စနစ်အပြောင်းအလဲဖြစ်တဲ့အခါ၊ ဖြစ်လာကြတဲ့စစ်ပွဲများဖြစ်ပါတယ်။ ခရိုအေးရှား - ကတ်သလစ် (ပုတ်ရဟန်းမင်းကြီး၊ စပိန်၊ ဂျာမဏီ၊ အမေရိကန်နဲ့ လက်တင်အမေရိကနိုင်ငံများ၊ ကတ်သလစ်ဘာသာဝင်များက စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ထောက်ပံ့ပေးခံခဲ့ရတဲ့နိုင်ငံ) ၊ ဘောစနီးယား- ကိုဆိုဗို မွတ်ဆလင် (ဆော်ဒီ၊ အီရန်၊ တူရကီနဲ့ OIC မွတ်ဆလင်ကမ္ဘာက ငွေ၊ လူ၊ လက်နက်၊ အဖက်ဖက်ကထောက်ပံ့ခံခဲ့ရတဲ့အုပ်စု)၊ ဆားဗီးယား - အောသိုဒေါက်စ် (ရုရှားက ကူညီပေးတဲ့နိုင်ငံ) တွေရယ်၊ အင်ဒိုနီးရှား (အရှေ့တီမောခရစ်ယန်၊ အာချေး)၊ ဖိလစ်ပိုင် - Mindanao ( Moros မွတ်ဆလင်နဲ့ ကတ်သလစ်)၊ ထိုင်း တောင်ပိုင်း (ဖသိုက်မွတ်ဆလင်- Malay Patani Region)၊ ဆူဒန် (ခရစ်ယန်-မွတ်ဆလင်)၊ သီရိလက်ာ (ဗုဒ္ဓဘာသာ - ဟိန္ဒူ)၊ ဝီဂါ -တရုတ်၊ ပါလက်စတိုင်း၊ West Bank - ဂါဇာ၊ ဂိုလန်ကုန်းမြင့်၊ အဇာဘိုင်ဂျန်၊ တာဂျစ်ကစ်စ္စတန်- Tahikistan၊ ချက်ချင်ညာ- Chechnya၊ မြန်မာ (ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသားများ - ဘဂ်ါလီအစ္စလာမ်)၊ မြင်သာတဲ့ ဥပမာတွေများကြီးရှိပါတယ်။
ဒီမိုကရေစီဆိုတာကတော့ အစိုးရကို၊ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲကနေရွေးချယ်တင်မြှောက်လိုက်ပြီး၊ အနိုင်ရသူလူများစုကအုပ်ချုပ်တဲ့၊ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံမှာ ခရစ်ယာန်များရင်ခရစ်ယာန်ဘာသာဝင်တွေအစိုးရဖွဲ့နိုင်မယ်။ မွတ်ဆလင်များရင် မွတ်ဆလင်ဘာသာဝင်တွေအစိုးရဖွဲ့နိုင်မယ်။ ဗုဒ္ဓဘာသာဝင်များရင် ဗုဒ္ဓဘာဝင်တွေအစိုးရဖွဲ့နိုင်မယ်) ။
ဒိအပြင် ဒီမိုကရေစီလို့ဆိုလိုက်ရင် မဲပေးတာတစ်ခုတည်းနဲ့ ပြီးသွားတာမဟုတ်ပါဘူး၊ ဒီမိုကရေစီနဲ့အတူ နိုင်ငံရေးအယူဝါဒတွေပါလာပါတယ်။ ၂၁ ရာစု ဒီမိုကရေစီဆိုရင်၊ လစ်ဘရယ်အယူဝါဒ၊ Neoliberalism – Progressivism လစ်ဘရယ်အယူအဆသစ်တွေက လွှမ်းမိုးထားပါလိမ့်မယ်။ ၂၁ ရာစု ဒီမိုကရေစီမှာ ပိုပြီးတော့ ပွင့်လင်းတဲ့၊ လွတ်လပ်တတ်ကြွတဲ့၊ Open Society – Pluralistic Society – Diverse Society တွေကို၊ ဒီမိုကရေစီရဲ့ အဂ်ါလက္ခဏာရပ်တွေအဖြစ်တွေ့ကြရလိမ့်မယ်။
ဒါကြောင့် ၂၁ရာစု ဒီမိုကရေစီမှာ၊ အရွယ်ရောက်ပြီးလို့၊ မဲပေးနိုင်သူတိုင်း၊ လူမျိုး၊ ဘာသာ၊ ကျားမ၊ ဆင်းရဲချမ်းသာ၊ အနိမ့်အမြင့်မရွေး၊ လူတိုင်းပါဝင်မဲပေးနိုင်ဖို့နဲ့၊ ရွေးချယ်တင်မြှောက်ခံနိုင်ဖို့က အလွန်အရေးပါလာပါတယ်။
ဒီတော့၊ ဒီမိုကရေစီမှာ လူဦးရေကအရေးပါလာသလို၊ အရေးကြီးလာပါတယ်။ လူများများရှိရင် မဲများများရမှာဖြစ်သလို၊ အစိုးရဖွဲ့နိုင်မှာလည်းဖြစ်ပါတယ်။ ဒီအတွက်လည်း ၂၁ရစု ဒီမိုကရေစီကိုကျင့်သုံးနေတဲ့၊ အမေရိကန်ခေါင်းဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေမှာ၊ မွတ်ဆလင်လူဦးရေပေါက်ကွဲမှုနှုန်းအလျင်အမြန်မြင့်မားလာနေတာကိုကြောက်ရွံ့လာကြသလို၊ မွတ်ဆလင်များရွေ့ပြောင်းအခြေချဝင်ရောက်နေကြတာကိုလည်း ရတတ်မအေးဖြစ်နေကြပါတယ်။ ဒိအတွက်ကြောင့် ဥရောပသမဂ္ဂမှာ၊ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ တူရကီကို၊ ဥရောပအဖွဲ့ဝင်နိုင်ငံအဖြစ်လက်မခံနိုင်ကြပါဘူး။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကရွှေ့ပြောင်းအခြေချလာသူတွေကိုလက်မခံနိုင်ကြတော့ပါဘူး။ အနောက်နိုင်ငံအများစုက နိုင်ငံတွေမှာ၊ မိမိတို့ရဲ့မူလဗီဇ၊ အစဉ်အလာတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာတရားတွေကို၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ဒီမိုကရေစီနဲ့လစ်ဘရယ်နိုင်ငံရေးကိုလိုလားသူတွေများလာပြီး၊ Neoliberalism – Progressivism ဆိုတဲ့၊ အစွန်းရောက် အမျိုး၊ ဘာသာ၊ သာသနာနဲ့ မိမိတို့ရဲ့ဖြစ်ပေါ်လာပုံကို ဂရုမစိုက်ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေနဲ့ အစိုးရတွေကို ဆန့်ကျင်သူတွေပိုများလာပါတယ်။
အမေရိကန်မှာ Patriot ဒေါ်နယ်လ်ထရန့်သမ္မတဖြစ်လာပါတယ်။ ဗြိတိန်မှာ မွတ်ဆလင်တွေရဲ့လူဝင်မှုကိုလက်မခံနိုင်တော့တဲ့ အမျိုးသားရေးလက်ယာဝါဒီတွေအာဏာရလာပြီး၊ ဥရောပသမဂ္ဂကနေထွက်ခဲ့ကြတယ်။ နယ်သာလန်၊ ပြင်သစ်၊ ဂျာမဏီတို့မှာ အမျိုးသားရေးလှုပ်ရှားမှုတွေအရမ်းအားကောင်းလာတယ်။
မြန်မာနိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲရေးကိုအကြောင်းပြုပြီး၊ အလစ်ဝင်နှိုက်၊ အလစ်ဝင်သုတ်တဲ့အလုပ်တွေကို၊ Open Society Institute (OSI)- UN – NGOs တွေလုပ်ဆောင်လာပါတယ်။ ဒီအဖွဲ့စည်းများအနေနဲ့ နိုင်ငံတကာနဲ့ချီတဲ့အတွေ့အကြုံတွေရှိထားခဲ့ပြီးသားပါ။ ဒီတော့ဘယ်တုန်းကမှ ပုံမပျက်ခဲ့တဲ့၊ ပုံဖျက်ခြင်းမခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဟာ၊ ဘာသာရေးခွဲခြားသူ၊ လူမျိုးရေးခွဲခြားသူနိုင်ငံအဖြစ်၊ ဒီအုပ်စုများရဲ့ ပုံဖျက်ခြင်းကိုအရင်ခံရပြီး၊ ဗုဒ္ဓဘာသာြမန်မာလူမျိုးတွေကိုအင်အားချိနဲ့သွားအောင်လုပ်ပါတယ်။ နဂိုရှိပြီးသားဘဂ်ါလီတွေကိုခုတုံးလုပ်ပြီး၊ တချိန်လုံးခိုးဝင်နေတဲ့ ဘဂ်ါလီတွေကို၊ ရိုဟင်ဂျာခေါ်ဖို့၊ တိုင်းရင်းသားသတ်မှတ်ဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းဖို့၊ အစရှိတဲ့ အချုပ်အခြာအာဏာကိုထိပါးချိုးဖောက်စော်ကားတဲ့တောင်းဆိုမှုတွေကို၊ ရဲရဲတင်းတင်းလုပ်လာပါတယ်။
ဆွေးနွေးသူ
- ကိုချိုကြီး
Comments
Post a Comment