ပထမလုပ်ကြံသူက အာဆီယံအထူးကိုယ်စားလှယ်...
အာဆီယံဘုံသဘောတူညီချက်အရ တွေ့ဆုံဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် တောင်းဆိုခြင်း။
ပြင်သစ်အထက် လွှတ်တော်က NUG ကိုအသိအမှတ်ပြုရေးဆုံးဖြတ်ခြင်း။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဘုံသဘောတူညီချက်ကို နစကအစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် ယခုလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် လှပ်ထားနိုင်တယ်ဆိုတဲ့စကား
အထက်ပါအဖြစ်အပျက်တွေဟာ -
နိုင်ငံတကာရေးရာ၊
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပဋိညာဉ်တွေအကြောင်းနဲ့
သံခင်းတမန်ခင်းပရိယာယ်အကြောင်းတွေနဲ့ အလှမ်းဝေးကြတဲ့
မြန်မာနိုင်ငံသားလူငယ်တွေက မျှော်လင့်ချက်အမှားတွေ false hope ရကြပြီး အားတွေတက်ကုန်ကြ၊ ငါတို့နိုင်တော့မယ်နဲ့ ထပ်သေကြရတော့မယ်။
နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှုတွေ၊ တရားဥပဒေစိုးမိုးမှု ပိုဆိုးရွားလာမှာတွေ ထပ်ဖြစ်ကြမယ်။
ဥပဒေစိုးမိုးမှုကလည်း အားနည်း၊ နိုင်ငံကလည်း မတည်ငြိမ်မှတော့ ရင်းနှီးမြုပ်နှံမှုတွေ ထပ်မလာ၊ စီးပွားရေးတွေထပ်ကျဆင်း၊ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးဟာ နိုင်ငံရေးပါမတည်ငြိမ်ရင် ဆိုးသထက် ပိုဆိုရွားသွားပါလိမ့်မယ်။
နာမှာကတော့ ပြည်သူတွေပါဘဲ။
ပထမလုပ်ကြံခြင်း
အာဆီယံအထူးကိုယ်စားလှယ်က နိုင်ငံတကာတွင် စက်ဆုတ်ရွံရှာဖွယ်အကောင်းဆုံးပြစ်မှုဖြစ်သည့် အဂတိမှု (လာဘ်စားမှု) ကြီးများဖြင့် တရားရင်ဆိုင်နေရသူဖြစ်သည်။
(ဤလာဘ်စားမှုများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကင်းရှင်းပါကြောင်း၊ မည်သူမဆို သက်ဆိုင်ရာတရားရုံးမှာ သွားရောက် သက်သေခံပေးနိုင်ပါကြောင်းနှင့် သက်သေခံပြီး မြန်မာနိုင်ငံကို ကယ်တင်လိုသည့် ဆန္ဒရှိသူများ သက်သေခံနိုင်ပါသည်။ ၄င်းသက်သေများက ဒေါ်အောင်ဆန်းစုကြည် လာဘ်စားမှုများနှင့် ကင်းရှင်းကြောင်းဖော်ပြနိုင်လို့ တရားစွဲဆိုမှုမှ လွတ်မြောက်သွားသည့်အခါတွင်မတော့ နစကအစိုးရက အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုကို လက်ခံနိုင်ကောင်း လက်ခံပါလိမ့်မည်။ ယခုယူဆချက်ကို သင် သဘောတူတယ်ဆိုရင် သွားရောက် သက်သေထွက်ဆိုလိုက်ပါ။ မယုံကြည်ဘူးဆိုရင် ယခုတင်ပြသည့်အယူအဆအား သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရပါလိမ့်မည်။)
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအတွင်းနေထိုင်ကြသူတွေနဲ့ တွေ့ဆုံခွင့်များစွာရှိပါရက်နှင့် တရားရင်ဆိုင်နေရဆဲ တရားခံတစ်းဦးနှင့်တွေ့ခွင့်တောင်းခြင်းမှာ အာဆီယံပဋိညာဉ်နှင့် ညီညွတ်ခြင်းလည်းမရှိ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင်မှုကို ထိပါးခြင်းလည်းဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်ကလည်း မဖြစ်နိုင်ဘူးဆိုတာ သိပြီးသားဖြစ်သည်။ အာဆီယံအထူးကိုယ်စားလှယ်သည် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ဘရူနိုင်းနိုင်ငံသည် OIC နှင့်ပတ်သက်နေသည့် နိုင်ငံဖြစ်သည့်အတွက် OIC အလိုကျ ဖိအားပေးရန်လိုအပ်သည့်အတွက်လည်းကောင်း၊ အာဆီယံသည် တရုတ်နှင့် မကင်းနိုင်၊ သို့အတွက် မကြာခင်က တရုတ်ကိုယ်စားလှယ်လာသွားပြီး နစကအစိုးရကိုတိုက်တွန်းသွားသည့်ကိစ္စများအား တရုတ်အလိုကျ ဖြစ်စေရန်လည်းကောင်း ဖိအားပေးသည့်အသွင် ဆောင်ရွက်ခြင်းသာဖြစ်သည်။ မအောင်မြင်နိုင်ကြောင်း သိပြီးဖြစ်သည်။
ဒုတိယလုပ်ကြံခြင်း
ပြင်သစ်အထက်လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် အမှာစကားဖြင့် ထောက်ခံထားသည့်အဆို၊ ပြင်သစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ပြင်သစ်အစိုးရအဆက်ဆက်၏ လုပ်ထုံးလုပ်နည်းဖြစ်သည့် အစိုးရများကို အတည်ပြုလေ့မရှိကြောင်း၊ နိုင်ငံကိုသာ အတည်ပြုကြကြောင်း သို့အတွက် ကန့်ကွက်ခဲသည့်အဆိုကို အထက်လွှတ်တော်က အတည်ပြုခဲ့ကြသည်။
နိုင်ငံတကာဆက်ဆံရေးနားလည်သူတွေ၊
နိုင်ငံတကာအဖွဲ့အစည်းများ၏ ပဋိညာဉ်များကို ကျွမ်းကျင်ကြသူတွေနှင့်
သံခင်းတမန်ခင်းပရိယာယ်သဘောသဘာဝနားလည်ကြသူတွေက နောက်ဆုံးတွင် ပြင်သစ်အောက်လွှတ်တော်နှင့် အစိုးရတို့က NUG ကို သံခင်းတမန်ခင်းသဘော
အရ ဆက်ဆံခြင်းမျိုးမှလွဲ၍ တရားဝင် အသိအမှတ်ပြုဆက်ဆံစရာအကြောင်းမရှိကြောင်း အဖြေကို သိကြပြီးဖြစ်သည်။
သို့သော်
"ပြင်သစ်အထက်လွှတ်တော်က NUG ကို အသိအမှတ်ပြုရေးအဆိုအား အတည်ပြုလိုက်သည်" ဆိုသည့်သတင်းစကားကြောင့် -
နိုင်ငံတကာရေးရာ၊
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပဋိညာဉ်တွေအကြောင်းနဲ့
သံခင်းတမန်ခင်းပရိယာယ်အကြောင်းတွေနဲ့ အလှမ်းဝေးကြတဲ့
မြန်မာနိုင်ငံသားလူငယ်တွေက မျှော်လင့်ချက်အမှားတွေ false hope ရကြပြီး "ငါတို့နိုင်တော့မယ်" အုပ်စုကို အားတက်သွားစေကာ နိုင်ငံတွင်း မတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားစေရန် ရည်ရွယ်ရုံသက်သက်မျှဖြစ်သဖြင့် မြန်မာနိုင်ငံသား လူငယ်များ များစွာ အသက်ပေးကြရအုံးမည်၊ သေကြရအုံးမည်ဖြစ်သည်။
တတိယလုပ်ကြံခြင်း
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စက်ာပူ၊ မလေးရှား နှင့် အင်ဒိုနီးရှားတို့က နစကအစိုးရကို သိပ်သဘောမတွေ့လှသော်လည်း အကျိုးစီးပွားနှင့် Multilateral သဘောအရ ဆက်ဆံနေကြသည်။
ယခု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နစကအစိုးရအနေဖြင့် အာဆီယံဘုံသဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက ယခုလအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ နစကဥက္ကဋ္ဌ တက်ခွင့်မရှိဘဲ နေရာလစ်လပ်ထားခံရနိုင်ကြောင်း ပြောဆိုထားသည်။
မလေးနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံပဋိညာဉ်နှင့် လုပ်ထုံးလုပ်နည်းများအကြောင်း သိပြီးဖြစ်သည်။
အာဆီယံမူဘောင်များအနက် ထူးခြားချက် ၂ ချက်ရှိသည်။ ပထမအချက်က "ဆုံးဖြတ်ချက်တစ်ခုချမှတ်ရာတွင် များရာမဲဖြင့်ဆုံးဖြတ်ကြခြင်းမရှိဘဲ၊ အဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူမှသာ ဆုံးဖြတ်ရခြင်း" နှင့် ဒုတိယအချက်မှာ "အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ခြင်းကို အထူးတားမြစ်ထားသည်" အချက်တို့ဖြစ်ကြသည်။
မလေးရှားနိုင်ငံသည် ၄င်းနိုင်ငံအရေးအတွက် စိတ်ကြိုက်ဆောင်ရွက်ခွင့်ရှိသော်လည်း အထက်ပါ အာဆီယံမူဘောင်အရ အာဆီယံကို ကိုယ်စားပြုဆောင်ရွက်ခွင့်မရှိပါ။
"အာဆီယံဟူသည်အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ကိုယ်စားပြုထားသည်။ မြန်မာ့ခေါင်းဆောင်မပါဝင်သည့်ထိပ်သီးအစည်းအဝေးသည် အာဆီယံမူဘောင်အရ အာဆီယံအစည်းအဝေးအဖြစ် တရားဝင်မှုမရှိ၊ အာဆီယံအစည်းအဝေးမမည်တော့ဘဲ၊ ၉ နိုင်ငံအစည်းအဝေးသာဖြစ်သွားပါလိမ့်မည်။"
ဒါကို မလေးရှားရော၊ မြန်မာရော ကောင်းစွာသိကြသည်။ မလေးရှားသည်လည်း OIC နှင့်ပတ်သက်နေသည့် နိုင်ငံဖြစ်သည့်အတွက် OIC အလိုကျ ဖိအားပေးသည့်သဘောသာဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောကြားသည့် သတင်းစကားသည်လည်း
နိုင်ငံတကာရေးရာ၊
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပဋိညာဉ်တွေအကြောင်းနဲ့
သံခင်းတမန်ခင်းပရိယာယ်အကြောင်းတွေနဲ့ အလှမ်းဝေးကြတဲ့
မြန်မာနိုင်ငံသားလူငယ်တွေက မျှော်လင့်ချက်အမှားတွေ false hope ရကြပြီး "ငါတို့နိုင်တော့မယ်" အုပ်စုကို အားတက်သွားစေကာ နိုင်ငံတွင်း မတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားစေရန် ရည်ရွယ်ရုံသက်သက်မျှဖြစ်သဖြင့် မြန်မာနိုင်ငံသား လူငယ်များ များစွာ အသက်ပေးကြရအုံးမည်၊ များစွာသေကြရအုံးမည်ဖြစ်သည်။
လုပ်ကြံခြင်း
အထက်ပါသတင်းစကားများသည် "ငါတို့နိုင်တော့မယ်" ဆိုတဲ့သူတွေအတွက် false hope တွေသာဖြစ်သည်။ လက်တွေ့မှာ ဘာမှမဟုတ်ဘူးဆိုတာ အရင်းအနှီးကြီးကြီးပေးဆပ်ကြရပြီးမှ သိကြပါလိမ့်မည်။
နိုင်ငံတကာရေးရာ၊
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပဋိညာဉ်တွေအကြောင်းနဲ့
သံခင်းတမန်ခင်းပရိယာယ်အကြောင်းတွေနဲ့ အလှမ်းဝေးကြတဲ့
မြန်မာနိုင်ငံသားလူငယ်တွေက မျှော်လင့်ချက်အမှားတွေ false hope ရကြပြီး "ငါတို့နိုင်တော့မယ်" အုပ်စုကို အားတက်သွားစေကာ နိုင်ငံတွင်း မတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားစေရန် ရည်ရွယ်ရုံသက်သက်မျှဖြစ်သဖြင့် မြန်မာနိုင်ငံသား လူငယ်များ များစွာ အသက်ပေးကြရအုံးမည်၊ များစွာသေကြရအုံးမည်ဖြစ်သည်။
Senior Min Wai
၆.၁၀.၂၀၂၁ ၁၀:၀၈ p.m
Source:
https://burma.irrawaddy.com/news/2021/10/05/246473.html
https://burmese.voanews.com/a/france-senate-voted-to-recognize-nug/6260238.html
Comments
Post a Comment