နိုင်ငံရေးသွေးနှင့် နိုင်ငံရေးပိုး


 

နိုင်ငံရေးသွေးနှင့် နိုင်ငံရေးပိုး

ကမ္ဘာကျော်ဆရာတော်ရေးသည်။

တိုင်းရေးပြည်ရေး အေးချမ်းတော့မည့် အရိပ်အခြည်ကို တွေ့မြင်လာရလေပြီ။ ညစဉ်ကြားရလေ့ရှိသော သံပုံးတပ်ဖွဲ့အသံ မကြားရတော့သည်ကား စိတ်ချမ်းသာစရာ။ ကပ္ပလီပင်လယ် မုန်တိုင်းနှင့်စပ်ဆက်၍ မိုးရွာ သွန်းသည့် (ဧပြီလ ၆ ရက်) နေ့မှစ၍ မကြားရတော့ခြင်းဖြစ်၏။ ထိုမိုးသည် အခြားဒေသ၌ မုန်တိုင်းမိုးဖြစ်သော် လည်း မြန်မာပြည်၌မူ သင်္ကြန်အကြိုမိုး ဖြစ်ခဲ့၏။ ပိတောက်ပန်းများလည်း ပွင့်ကြသည်။ ပိတောက်ရနံ့များလည်း လှိုင်သင်းပျံ့နေ၏။ ရပ်ထဲရွာထဲမှ ပိတောက်ရနံ့သည် စာရေးသူသီတင်းသုံးရာ အင်းစိန်တောရ၊ ဦးစောရိပ်သာ အထိ မွှေးပျံ့ကြိုင်သင်းနေ၏။ မင်္ဂလာရှိသောမိုးနှင့် ကျက်သရေရှိသော ပိတောက်ပန်းတို့၏ ကျေးဇူးပင်။ သို့သော် အေးချမ်းမည့် အရိပ်အခြည်သာဖြစ်ကာ အမှန်တကယ် အေးချမ်းခြင်းသို့ မရောက်ရှိသေးပေ။ သတင်း စာများ ဖတ်ရသည့်အခါတိုင်း CDM ပညာရှင်များနှင့် အနုပညာရှင်တို့၏ သတင်းဓာတ်ပုံများ အတွဲလိုက်ပါလာ သည်ကို တွေ့ရ၏။ အနုပညာရှင်များ၏ ဓာတ်ပုံသတင်း နှစ်ဆယ်ဦးအတွဲ နေ့စဉ်ပါလာကာ သင်္ကြန်ပြီးမှ ဆရာ၀န်အတွဲများ ပါလာခြင်းဖြစ်၏။ နှမြောတသလည်း ဖြစ်မိ၏။ စိတ်မချမ်းမြေ့ဖွယ်လည်း ခံစားရ၏။ ထို့ကြောင့် ဤဆောင်းပါးကို ရေးခြင်းဖြစ်၏။

နိုင်ငံရေးသွေးနှင့် မေမေ့သားကြီး

ရက်စက်မှ ကြေကွဲ၊ ရဲမှ မင်းဖြစ်ဟူသော စကားပုံတစ်ခုရှိ၏။ နိုင်ငံရေးဆိုသည်မှာ ရက်စက်ရဲရမည် ဟု နားလည်၏။ မှန်၏။ နိုင်ငံရေးပိုး သို့မဟုတ် နိုင်ငံရေးသွေး ကူးစက်၀င်ရောက်လာလျှင် ဘုရားသားတော်ဟု ခံယူထားသူများသည်ပင် ရိုင်းစိုင်းလာတတ်ကြ၏။ ကြမ်းတမ်းလာတတ်ကြ၏။ စော်ကားလာတတ်ကြ၏။ ပြစ်မှား လာတတ်ကြ၏။ အရှက်အကြောက် ကင်းမဲ့လာတတ်ကြ၏။ ဘုရားအရေခြုံထားသည့် ဘုရားသားတော်များ သည်ပင် ဤသို့ ကြမ်းတမ်းရိုင်းပျလာပါလျှင် အခြားသူ၊ အခြားသားများကား ဆိုဖွယ်ပင်မရှိချေ။ လေညာဝါး ကိုယ်တော်ကြီးကို အများသိကြပေသည်။ ဂန္ထ၀င်မေမေ၊ ကောင်းကင်မေမေ၏ သားတော်ကြီးတည်း။ တရားပွဲ အပိတ်ခံရသည့်ကိစ္စဖြင့် ၎င်းသည် နှစ်ကြိမ်တိုင်တိုင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကို စော်ကားမော်ကားပြုဖူး၏။ ပထမအကြိမ်၌ ဓမ္မာသနပလ္လင်ပေါ်မှ တောက်ခေါက်ကြိမ်းမောင်းလျက် စိန်ခေါ်ခဲ့၏။ ဒုတိယအကြိမ်၌ ဟွန်းတိုလေးကိုင်ကာ သတ်မယ်ကွ၊ ဖြတ်မယ်ကွ၊ ချချမယ်ကွ၊ နှက်မယ်ကွဟု လှုံ့ဆော်ခဲ့၏။ ထိုရုပ်သံနှစ်ဖိုင်လုံး ယနေ့အထိ အင်တာနက်တွင် ရှိသေး၏။ ဘုရားသားတော်ကြီးလည်း နိုင်ငံရေးပိုး ကူးစက်ခံ ရသည့်အခါ ဘုရားတရား မဟောနိုင်တော့ဘဲ ငှက်ဖျားတက်လူနာကဲ့သို့ တောင်အော်၊ မြောက်အော် လျှောက်အော်ခဲ့ရရှာလေ၏။

လင်းတနှင့် သုည

မန္တလေးတွင် ဂဠုန်အမည်ခံထားသည့် နိုင်ငံရေးဘုန်းကြီးတစ်ပါးရှိ၏။ ၎င်းကို စာရေးသူက ဠင်းတ (လင်းတ) နီဟု ခေါ်၏။ ထိုကိုယ်တော်ကြီးလည်း နိုင်ငံရေးသွေးအနှောခံရ၍ ဘာသာသွေးပျက်ကာ အရှက်တရားကင်းမဲ့သွားခဲ့၏။ ဘာသာခြားအခမ်းအနားများ၌ ဘုန်းကြီးမကောင်းကြောင်း၊ သံဃာမကောင်းကြောင်းများ ပစ်ပစ်ခါခါ ဟောကြား၏။ နိုင်ငံရေးသမားတို့က မြှောက်ပေးလျှင် —တက်အောင် က၏။ စတိတ်စင်ကို တဗုန်းဗုန်းပုတ်ကာ သံဃနာယကဆရာတော် သံဃာတော်များ မကောင်းကြောင်းကို ပျစ်ပျစ်နှစ်နှစ် ဟောလေ့ရှိ ၏။ လင်းတကြီးဆိုတော့လည်း အညှီအဟောက် ကြိုက်ရှာပေမည်လေဟူ၍သာ ကရုဏာသက်မိ၏။

ရွှေဝါရောင်အမည်ခံထားသော ဘုန်းကြီးတစ်ပါးရှိသေး၏။ သူ့ကိုယ်သူ သုညအမည် ကလောင်တပ် ထား၏။ စာရေးသူက ၎င်းကို ကွင်းသုညဟု ခေါ်၏။ ၎င်းသည် နှစ်စဉ်နှစ်တိုင်း ၎င်း၏ပထွေးစျာပန နှစ်ပတ် လည်နေ့၌ ဘုန်းကြီးမကောင်းကြောင်း၊ သံဃာမကောင်းကြောင်း အမြဲဟောလေ့ရှိ၏။ ၎င်း၏ပထွေးများနှင့် မိထွေးများ အကြိုက်တွေ့ကာ လက်ခုပ်လက်ဝါးတီး၍ အားပေးကြလေသည်။ ၎င်းသည်လည်း နိုင်ငံရေးပိုး ကူးစက်ခံထားရသူပီသစွာ ရဟန်းအချင်းချင်း တရားစွဲသည်ကိုပင် တရားနည်းလမ်းအတိုင်းမလုပ်ဘဲ နိုင်ငံရေး သမားနှင့် ပူးပေါင်းကာ ကျော်မကောင်း ကြားမကောင်း လုပ်သည်အထိ အရှက်တရားကင်းမဲ့လာသည်ကို တွေ့ ရ၏။ တရားဥပဒေမည်သည် မကြိုက်မနှစ်သက်ခြင်းတည်းဟူသော အမုန်းတရား၊ မကျေနပ်မှု၊ နာကျင်မှုတည်း ဟူသော ခံစားချက်သက်သက်ဖြင့် အရေးယူဆောင်ရွက်၍ ရသည့်အရာမဟုတ်။ ပြစ်မှုမြောက်လောက်သည့် ကာယကံ၊ ၀စီကံ ကျူးလွန်မှုမျိုးကိုသာ အရေးယူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၏။ သို့ပါလျက် အမုန်းတရား ကို ရှေ့တန်းတင်၍ မကျေနပ်ချက်သက်သက်ဖြင့် သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ကြံစည်အားထုတ်နေ သည်ကား အံ့သြစရာ။

ဘုရားသားတော်ဟု ခံယူထားလျှင် ဘုရားသားတော်အချင်းချင်း ရန်မလိုသင့်။ ဝိနည်းတော်လာ ဥပဒေသများကို လေးစားလိုက်နာသင့်၏။ ဝိနည်းနှင့်မညီသော ရဟန်းတစ်ပါးကို စွပ်စွဲလိုလျှင် ဓမ္မဝိနယနှင့်အညီ ရဟန်းကောင်းတို့၏ အမူအရာဖြင့် ယဉ်ကျေးစွာ ခွင့်တောင်းပြီးမှသာ စွပ်စွဲရမည်ဖြစ်၏။ ထိုသို့ စွပ်စွဲရာ၌လည်း သံဃာ့ခုံရုံးဟုဆိုအပ်သည့် ဝိနိစ္ဆယအဖွဲ့ထံ စာတင်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ ရှေ့မှောက်တွင် သံဃာ့အဖွဲ့ အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်တင်စွပ်စွဲရမည်ဖြစ်၏။ အပြစ်ရှိခြင်း၊ မရှိခြင်း ကုစား၍ရ သော အပြစ် ဟုတ်ခြင်း၊ မဟုတ်ခြင်းနှင့် ပြန်လည်ကုစားပုံ၊ ကုစားနည်း စသည့် အဆုံးအဖြတ်နှင့် ညွှန်ကြားချက်ကား ဝိနည်း ဓိုရ်ဆရာတော်တို့၏ တာ၀န်သာဖြစ်ချေ၏။ အကယ်၍ အရပ်ဘက်တရားရုံးနှင့် သက်ဆိုင်သည့် ရာဇ၀တ်ပြစ်မှု တစ်ခုခုဖြစ်ပါမူ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ခြင်း၊ တရားရုံးသို့ ဦးတည်လျှောက်ထားခြင်းတို့ကိုသာ ပြုလုပ်ရပေမည်။ လက်ခံသင့်၊ မခံသင့်နှင့် စီရင်သင့်၊ မစီရင်သင့်ကား ရဲနှင့် တရားသူကြီးတို့၏ တာ၀န်သာ ဖြစ်ချေ၏။ သို့ပါလျက် ဓမ္မလမ်းကြောင်းအတိုင်းလည်း မသွား၊ ဥပဒေလမ်းကြောင်းအတိုင်းလည်းမသွားဘဲ ရဟန်းတစ်ပါးကို တရားစွဲဆိုရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ လူပုံအလယ်၌ အရှက်ကွဲစေရန်အလို့ငှာ အရှက်ခွဲကြသည်ကား ဘုရားသားတော်ဟု ခံယူထားသည့် ရဟန်းတစ်ပါး၏ အလုပ်ဟုတ်-မဟုတ် မစိစစ်နိုင် လောက်အောင် မိုက်မဲသွားသည်ကား နိုင်ငံရေးပိုး ကူးစက်ခံထားရသော ကွင်းသုည၏ မိုက်မဲမှုတစ်ခုပင်တည်း။

ပိုးထိငပိ

နောက်ထပ် ရွှေဝါရောင်ငတိလေးတစ်ပါး ရှိသေးသည်။ အသက်အရွယ်အရလည်း လူရိုသေ ရှင်ရိုသေ အရွယ်မရောက်သေး၊ အတွေ့အကြုံကလည်း နုနယ်သေး၏။ နိုင်ငံရေး၀မ်းစာမပြောနှင့် ပရိယတ္တိအဆင့်ပင် ဗလာနတ္ထိအဆင့်မှာ ရှိလေ၏။ ဤအသက်၊ ဤအရွယ်အထိ စာသင်တိုက်ကြီးထဲ၌ နေထိုင်သူဖြစ်ပါလျက် ပရိ ယတ္တိစာပေအရာ၌ သဒ္ဒါ၊ သင်္ဂြိုဟ်ပင် ဘယ်ဆီနေမှန်းမသိရှာသူဖြစ်သော်လည်း မိံမိံသရဏဂုံ ခြုံထုံခြင်း ကောင်းမှုကြောင့် သူကောင်းပြုခံရကာ ဘုန်းတန်ခိုးများ ကြီးထွားနေ၏။ ၎င်းသည် ပင်ကိုယ်ကပင် ခပ်ဆတ်ဆတ်၊ ခပ်မာမာ စိတ်အခံရှိရာ နိုင်ငံရေးသွေး စီး၀င်ခံရသည့်အခါ၌ကား အဇာတသတ်နှင့် ဒေ၀ဒတ်သည်ပင် လက် မြှောက်အောချရလောက်အောင် မိုက်တွင်းနက်၍ မိုက်လုံးကြီးလေ၏။ သူ့အဘိုး၊ သူ့အဘအရွယ် သီတဂူဆရာ တော်ကြီးကို ဂိုဏ်းစတားဟုဆိုကာ နည်းမျိုးစုံစော်ကားခဲ့၏။

လွတ်လပ်ရေးမီးရှူးတန်ဆောင် YMBA အသင်း ကြီးကိုပင်-
Y-ahoo ... တိရစ္ဆာန်ကဲ့သို့ စရိုက်ရှိသူ။
M-afia ... မာဖီးယားဂိုဏ်း။
B-ooby ... လူနုံလူအ။
A-ssociation ... အသင်းအဖွဲ့။

တိရစ္ဆာန်ကဲ့သို့ စရိုက်များရှိသော မာဖီးယားဂိုဏ်းနှင့် လူနုံလူအအသင်းအဖွဲ့ဟု ယုတ်ယုတ်မာမာ စော်ကားခဲ့၏။ NLD ကို မထောက်ခံသော ပုဂ္ဂိုလ်သံဃာမှန်သမျှ သူ့အဆဲမှမလွတ်။ နောက်ဆုံး ဗုဒ္ဓဂေါတမ ကိုပင် သုက်ကြောင်၊ တဏှာရူးအသွင် ရှုမြင်နေကာ လိင်ပညာပေး (ထွန်း+ချို တရား) ဟောခဲ့သည်ဟု စွပ်စွဲ၏။ ၎င်းအလို သုဒိန္န၀တ္ထုကို ရာဂေါဝါဒသုတ္တန်ဟု မှတ်ရတော့မည့်ပုံစံပင်။ သူ့အသက်၊ သူ့အရွယ်၊ သူ့အဆင့်၊ သူ့ အရည်အချင်းနှင့် စင်ပေါ်တက်ခွင့်မသာ၍ ဖေ့စ်ဘုတ်တွင်ထိုင်ဆဲသည့် အဆဲနိုင်ငံရေးဖြင့် လူစွာလုပ်နေသော ငပိလေးတစ်ဦးဖြစ်၏။ နိုင်ငံရေးပိုး ကူးစက်ခံရ၍ အမြင်မတူသူမှန်သမျှကို သံဃာ့ဦးသျှောင်ဆရာတော်ကြီးများ ပါမချန် အမြဲဆဲနေခြင်းဖြစ်ပေမည်။ နိုင်ငံရေးဆိုသည်ကို သံဃာအချင်းချင်း ထိုင်ဆဲရသည့်အလုပ်ဟု ခံယူထား လေသည်လော မသိပေ။ ဆဲရုံဖြင့်ပင် အားမရရှာသေး၊ တစ်ခါတစ်ရံ၌ ထေရ်ကြီးဝါကြီးများကို လက်သီးနှင့် မျက်နှာကို ထထိုးပစ်လိုက်ချင်သည်ဟူ၍လည်းကောင်း၊ မီတာခအခွန်ဆောင်ရန် ငွေကြေးအခက်အခဲတွေ့နေ ကြောင်း၊ သြ၀ါဒပေးသည့် မစိုးရိမ်တိုက်သစ် ပထမမဟာနာယကဆရာတော်ကြီးကိုပင် ကြပ်ကြပ်သတိထား နေကြ။ ဒီငါးနှစ်အတွင်း ကောင်းကောင်းနေကြဟုလည်းကောင်း ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သေး၏။ နိုင်ငံရေး သွေးကား ကြောက်စရာပင်။

“နိုင်ငံရေးသွေးနှင့် နိုင်ငံရေးပိုး” (၁-ဃ)

ဖြူစင်သောအနုပညာရှင်နှင့် နိုင်ငံရေးအနုပညာရှင်

အနုပညာရှင်မည်သည် လမင်းကြီးကဲ့သို့ ကျင့်ရ၏။ အဆင့်အတန်းမခွဲရ၊ အရောင်အသွေးမခွဲရ၊ ဒေသ ကာလ မခွဲရ။ ပြည်သူများအားလုံးသည် မိမိ၏ ပရိသတ်ပင်ဖြစ်၏။ ထိုပြည်သူသည်ပင် မိမိ၏ ထမင်းရှင်၊ ကျေးဇူးရှင်များ ဖြစ်လေ၏။ ထိုပြည်သူများကား အရောင်အသွေး စုံလင်၏။ မိမိက တစ်ရောင်တည်းဘက်တွင် ရပ်ပြလိုက်သည့်အခါ အခြားတစ်ဖက်သားသူများကား အားနာစရာ။ ပို၍ဆိုးသည်ကား ရပ်ပြရုံပင်မဟုတ်တော့ဘဲ မဲဆွယ်ပေး ခြင်းဖြစ်၏။ ဤသည်ကပင် အခြားပရိသတ် စော်ကားသကဲ့သို့ ဖြစ်သွား၏။ ထမင်းရှင်ကို ပြစ်မှားလိုက်လေသလော၊ ကျေးဇူးရှင်ကို စော်ကားလိုက်လေသလော ဝါရင့်သရုပ်ဆောင် နိုင်ငံရေးပညာရှင်ကြီးများထံ စုံစမ်းမေး မြန်းလျှင် အဖြေပေါ်မည်သာ။ ဒီမိုကရေစီရင့်ကျက်သော တိုင်းပြည်များ၌ ပြည်သူတစ်ဦးတစ်ယောက်ချင်း မဲထည့်သည်ကိုပင် ဘယ်ပါတီကို မဲထည့်မှာလဲ။ ဘယ်ပါတီကို မဲထည့်ခဲ့လဲဟု မမေးဝံ့ကြပေ။ မေးလျှင် လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသောကြောင့်ဖြစ်၏။ မဲဆွယ်သည့်ကိစ္စဆိုလျှင် သာ၍ပင်ဝေးမည်ပင်။ မြန်မာပြည်၌ကား အင်အားအလုံးအရင်းဖြင့် အတင်းရော၊ အဓမ္မပါ မဲဆွယ်နေကြ၏။ ထိုအထဲတွင် အနုပညာရှင် ဆိုသူများက အကဲဆုံး၊ အသဲဆုံးဖြစ်၏။ သာမန်မဲဆွယ်ရုံတင် မဟုတ်တော့ဘဲ ဖိအားပေး ခြိမ်းခြောက်သည့် အဆင့်သို့ပင် ရောက်ခဲ့၏။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ၌ မဲဆွယ်လှုပ်ရှားမှုထဲ မပါ၀င်သည့် လူငယ်တေးသံရှင်တစ်ဦးက သူ၏လူမှုကွန်ရက်ပေါ်၌ နိုင်ငံရေးနားမလည်ကြောင်း၊ အနုပညာလုပ်ငန်းသက်သက်ပဲ လုပ်လို ကြောင်း ရေးသားပြီးမှ ပြန်ဖြုတ်ချခဲ့ရ၏။ အနုပညာရှင်ဆိုသူအများအပြား လာရောက်ဖိအားပေး သိမ်းသွင်းခံ လိုက်ရသောကြောင့်ဖြစ်၏။ ဤသည်မှာ ဧရာမ လူ့အခွင့်အရေးချိုးဖောက်မှုကြီးဖြစ်၏။

မော်ဒယ်တစ်ယောက် ရှိသေးသည်။ ဟိုနေရာလည်း အမေပါ၊ ဒီနေရာလည်း အမေပါ၊ အကယ်ဒမီ ပေးပွဲလည်း အမေပါ၊ မီးလင်းရေးကျ အမေမပါ၊ မီးလင်းရေးမှာ အမေပါဖို့ စိတ်ကူးမရှိဘူးလား အမေဟု ဖေ့စ်ဘုတ်၌ ရေးလေ၏။ အမေ့သားသမီးများ ဝိုင်းဆဲကြ၏။ အနုပညာရှင်အချင်းချင်းပင် ချမ်းသာမပေးကြ။ ထိုအခါ အဆိုပါ မော်ဒယ်က သူ့မိခင်ကို မီးစက်၀ယ်ခိုင်းသည်ကို ရေးသားခြင်းဖြစ်ကြောင်း လျှောချသွားရ၏။ ဤသည်မှာလည်း လူ့အခွင့်အရေးကို ဧရာမချိုးဖောက်ခြင်းပင်ဖြစ်၏။

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ၌ လူငယ်ဒါရိုက်တာလေးတစ်ဦး၏ MTV တစ်ခု ပေါ်လာ၏။ စေတနာမှန်၏။ ရည်ရွယ်ချက်ကောင်း၏။ ဖန်တီးမှုဆန်းသစ်၏။ တင်ဆက်မှုခေတ်မီ၏။ သရုပ်ဆောင်ပီပြင်၏။ စာသားများ အားပါ၏။ အိုင်ဒီယာအဆင့်မြင့်၏။ သို့သော် အနုပညာရှင်ဆိုသူများနှင့် လော်ဘီများ၊ မီဒီယာများ၏ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ပြန်ဖြုတ်သွားရလေ၏။ ဤသည်မှာ ဧရာမလူ့အခွင့်အရေး ချိုးဖောက်မှုကြီးပင် တည်း။

ဤသည်ကိုကြည့်လျှင် မြန်မာပြည်၌ ဖြူစင်သောအနုပညာရှင်များသည် အနုပညာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ခွင့်မရကြပါ။ နိုင်ငံရေးအနုပညာရှင်များက အင်အားသုံး၍ ခြိမ်းခြောက်ကြသောကြောင့်ဖြစ်၏။ မြန်မာအနုပညာ လုပ်ငန်းဟူသည်မှာလည်း စစ်သားမုန်းမှသာ ရပ်တည်ခွင့်ရကြ၏။ အရပ်သူကို ချစ်မှသာ ရှင်သန်ခွင့်ရကြ၏။ အနုပညာလုပ်ငန်းသက်သက်မျှဖြင့်ဆိုလျှင် အကြဉ်ခံရမည်၊ အပယ်ခံရမည်ဖြစ်၏။ နေရာမရ အောင်၊ ထမင်းငတ်အောင်အထိပင် လုပ်ကြမည့်သူများဖြစ်၏။

သမိုင်း၏ တရားခံများ

စာရေးသူသည် အသက်ငါးဆယ်ကျော် ရှိပေပြီ။ မဆလခေတ်လည်း မီခဲ့၏။ န၀တခေတ်လည်း ကြုံခဲ့၏။ USDP ခေတ်၊ NLD ခေတ်တို့ကိုလည်း ဖြတ်သန်းခဲ့ဖူး၏။ NLD ခေတ်ထက် ဆိုးရွားသည့်ခေတ်မရှိ။ န၀တခေတ် တိုင်းပြည်ချွတ်ခြုံကျခဲ့သည်မှာ မှန်၏။ သို့သော် စစ်အစိုးရ အသုံးမကျသောကြောင့် မဟုတ်၊ ကမ္ဘာက ဝိုင်း၀န်းပိတ်ဆို့ကာ ဘာမှလုပ်မရအောင် နှောင့်ယှက်ဟန့်တားထားကြသောကြောင့်ဖြစ်၏။ ထိုသို့ဖြစ် ပါလျက် ပိတ်ဆို့အရေးယူရန် တောင်းဆိုခဲ့ကြသော နိုင်ငံရေးသမားများကပင် သူတို့နှင့်မဆိုင်သကဲ့သို့ စစ်အစိုးရ ကိုပုံချကာ န၀တခေတ်တွင် တိုင်းပြည်စုတ်ပြတ်သတ်သွားသည်ဟု ပြည်သူများအပေါ် ဝါဒမှိုင်းဆင်ခဲ့ကြ၏။ အမှန်အားဖြင့် တိုင်းပြည် စုတ်ပြတ်သတ်သွားသည်ကား NLD ခေတ်မှာသာတည်း။ တိုင်းပြည် စုတ်ပြတ်သတ် သွားအောင် လုပ်ခဲ့သည်ကား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရတည်း။ ၎င်းတို့ကြောင့် တိုင်းပြည်စုတ်ပြတ်သတ်သွားသည်ကား ရစရာပင်မရှိခဲ့။ ၎င်းတို့သည် တိုင်းပြည် စုတ်ပြတ်သတ်သွားအောင် စိတ်တိုင်းကျ ဖျက်ဆီးပစ်နိုင်ခဲ့၏။ ထို့ကြောင့် တိုင်းပြည် စုတ်ပြတ်သတ်ရခြင်း၏ နီးသောတရားခံသည် NLD ဖြစ်ပြီး ဝေးသောတရားခံသည် NLD ကို တွန်းတင်ပေးခဲ့သူများ ဖြစ်၏။ ထိုအထဲတွင် အနုပညာရှင်ဆိုသူများက အင်နှင့်အားနှင့် ပါ၀င်ကြလေသည်။ ၎င်းတို့၏ တစ်ဖက်သတ်ဆန်မှုကြောင့် တိုင်းပြည် စုတ်ပြတ်သတ်အောင် ဖ်က်ဆီးလိုသူများ အာဏာရလာခဲ့ခြင်းဖြစ်၏။ ပြောင်းလဲချိန်တန်ပြီဆိုသည့်အတိုင်း အမှန်တကယ်ပြောင်းလဲ လာလျှင် အကျိုးရှိသေး၏။ ယခုမူ အလုံးစုံပျက်သုဉ်းနေပါလျက် အနီမှအနီ၊ အမေမှ အမေလုပ်နေကြခြင်း ဖြစ်၏။ ဤသည်မှာ တိုင်းပြည်အတွက် ကြီးမားသောအန္တရာယ်တစ်ရပ်ဖြစ်၏။

ထောင့်ကျက်သရေဆောင် အနုပညာရှင်များ

CDM ကို ဦးဆောင်ခဲ့သော အနုပညာရှင်များတွင် ကိုယ်ကျိုးသမားများ ပါ၀င်၏။ NLD အစိုးရနှင့် စီးပွားရေး၊ လုပ်ပိုင်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး၊ အခွင့်အလမ်း စသည် ပတ်သက်နေကြသူများ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ကျေးဇူးခံ ကျေးဇူးစားများ ဖြစ်ကြ၏။ ထိုသူတို့ နိုင်ငံရေးလုပ်သည်ကို မပြောလို၊ သူ့ဆန်စားလျှင် ရဲရမည်သာဖြစ်၏။

ဖြူစင်သော အနုပညာရှင်များ ပါလာသည်ကို ပြောလိုရင်းဖြစ်၏။ သနားဖွယ်လည်း ကောင်း၏။ အမှန်အားဖြင့် နိုင်ငံရေးဟူသည် ကင်မရာရှေ့၌ ငိုပြ၊ ရယ်ပြ၊ ပြုံးပြ၊ မဲ့ပြ၊ တွဲပြ၊ ကဲပြရုံလောက် ရိုးရှင်းသောလုပ်ငန်း မဟုတ်ပေ။ လျှို့ဝှက်နက်နဲ သိမ်မွေ့ခက်ခဲသည့် အန္တရာယ်လုပ်ငန်းကြီး ဖြစ်၏။

CDM ဦးဆောင် အနုပညာရှင်များသည် နိုင်ငံရေး၌ မူကြိုအဆင့်သာရှိသေး၏။ သင်ယူဖွယ်ရာ၊ လေ့လာဖွယ်ရာ၊ ဆည်းပူးဖွယ်ရာ၊ နည်းယူဖွယ်ရာ၊ မှတ်သားဖွယ်ရာများကား များစွာလိုသေး၏။ ထိုသို့သော သူများက မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခွင့်ရရှိနေခြင်းသည် တိုင်းပြည်ပျက်ကိန်းသာ ဖြစ်လေ၏။ ယခုမူ ၎င်းတို့ ကိုယ်တိုင်ပင် ၎င်းတို့မြတ်နိုးသော အနုပညာလုပ်ငန်းကို စွန့်ခွာ၍ ရှောင်ကြတိမ်းကြ၊ ပြေးကြလွှားကြ၊ ပုန်းကြ ကွယ်ကြ လုပ်နေကြရသကဲ့သို့ ထိကြ၊ မိကြရသူများကိုလည်း တွေ့နေရလေ၏။ ၎င်းတို့အားလုံးသည် တစ်ချိန် ချိန်တွင် နိုင်ငံရေးပညာကို နဖူးတွေ့ဒူးတွေ့ သင်ယူဆည်းပူးခွင့် ရရှိတော့မည်ဖြစ်၏။ ဘ၀တက္ကသိုလ်ဟု ဆိုအပ် သော နိုင်ငံရေးသင်တန်းကျောင်းတော်ကြီးတွင် နိုင်ငံရေးပညာများဆည်းပူးလျက် နိုင်ငံရေးသိပ္ပံ ဒီပလိုမာ အဆင့်မျှတော့ ရောက်ကြလိမ့်မည်ထင်၏။ နိုင်ငံရေးသိပ္ပံဘွဲ့များ ရရှိသည်အထိ ကြိုးစားခဲ့ကြရန်လည်း တိုက်တွန်းလို၏။ ၎င်းတို့သည် ထောင်ကျက်သရေဆောင်ပုဂ္ဂိုလ်များအဖြစ် အကျဉ်းထောင်ကြီးကို တန်ဆာဆင်ပေး ကြလိမ့်မည်ဟု ယူဆ၏။ အမျိုးသမီး၊ အမျိုးသားအားလျော်စွာ အနုပညာသင်တန်းများလည်း ပို့ချခွင့်ရပါစေဟု ဆန္ဒပြုမိ၏။ ပို့ချခွင့်ရလျှင်လည်း ပို့ချဖြစ်အောင် ပို့ချပေးရန် တိုက်တွန်းလို၏။ ကြမ်းတမ်းလှသည့် အကျဉ်းသား၊ အကျဉ်းသူများကို အနုပညာဘာသာရပ်ဖြင့် သိမ်မွေ့နူးညံ့အောင် သွန်သင်ပြသခြင်းသည်လည်း နိုင်ငံရေးတစ်ခုပင်တည်း။

၎င်းကို နိုင်ငံရေးအနုပညာဟု ခေါ်ဆိုနိုင်၏။ အနုပညာနိုင်ငံရေးကား နိုင်ငံတကာ၌ များစွာရှိ၏။ ထိုတွင် စတားလုံး၊ ဂျိမ်းစဘွန်းတို့မှာ ထင်ရှား၏။ မြန်မာ့အနုပညာရှင်များသည် နိုင်ငံရေးအနုပညာရှင်ဖြစ်လိုပါမူ စတား လုံး၊ ဂျိမ်းစဘွန်းတို့ကဲ့သို့ မိမိတိုင်းပြည်အတွက် မိမိတတ်မြောက်သည့် အနုပညာဖြင့် နိုင်ငံရေးဇာတ်ကားများ ရိုက်ကူးကာ ပြည်သူလူထုကို နိုင်ငံရေးအမြင် ကျယ်ပြန့်အောင်လည်း လုပ်ဆောင်ပေးသင့်၏။ အနုပညာနိုင်ငံရေးအနေဖြင့်လည်း ဘက်မလိုက်တမ်း လုပ်ဆောင်ပေးနိုင်၏။ ဥပမာ-မဲမပေးတတ်သူမရှိအောင် မဲပေးပုံပေး နည်းများ သရုပ်ဆောင်ပြသခြင်း၊ မဲမပေးသူဟူ၍မရှိအောင် မဲပေးခြင်း၏ အကျိုးကျေးဇူးများကို သရုပ်ဖော်တင် ဆက်ခြင်းတို့ကို လုပ်နိုင်ပါလျှင် အရောင်အသွေးစုံလင်သော ပရိသတ်အတွက် ကျေးဇူးဆပ်ရာလည်းရောက်၏။ ပြည်သူတိုင်း၏ ချစ်ကြည်ညိုမှုကိုလည်း ရရှိနိုင်၏။ မြန်မာ့နိုင်ငံရေးတွင်လည်း တစ်တပ်တစ်အား ပါ၀င်ပြီးသား ဖြစ်၏။ ထို့ကြောင့် အနုပညာနိုင်ငံရေးဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြပါဟု တိုက်တွန်းလိုခြင်းဖြစ်၏။

ကိုဗစ်ထက်ဆိုးသော နိုင်ငံရေးပိုး

မြန်မာပြည်၌ အနောက်တိုင်း ဆေးပညာဘာသာရပ်သည် အမြင့်ဆုံးပညာရေးဖြစ်၏။ ဆရာ၀န်များသည် အမြင့်ဆုံးပညာရှင်များဖြစ်ကြ၏။ မှတ်ဉာဏ်ကောင်းသူ၊ အတွေးအခေါ်ကောင်းသူ၊ စိတ်ကူးကောင်းသူ၊ အမြော်အမြင်ကြီးသူများအဖြစ် အများပြည်သူ၏ လေးစားကြည်ညိုမှု၊ အားထားမှီခိုမှုကိုလည်း ခံယူရသူများ ဖြစ်၏။ ဆေးကုခြင်းလုပ်ငန်းသည် သူတစ်ပါးဒုက္ခကို ဖယ်ရှားပေးခြင်း၊ အသက်ကယ်တင်ပေးခြင်းဖြစ်ရာ ပါရမီ ကုသိုလ်လုပ်ငန်းကြီး ဖြစ်နေ၍လည်း လေးစားကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နေခြင်းဖြစ်၏။ ဆရာ၀န်အများစု သည်လည်း လူချမ်းသာ၊ ပညာတတ်၊ အရာရှိ၊ အထက်တန်းလွှာ အသိုက်အ၀န်းမှ မွေးဖွားလာသူများဖြစ်ရာ လောကီလူသားတို့ အထင်ကြီးအပ်၊ လေးစားအပ်သော အရည်အချင်းမှန်သမျှနှင့် ပြည့်စုံကုံလုံနေသူများလည်း ဖြစ်၏။ ထိုဂုဏ်များကို ထိန်းကွပ်နိုင်သော အသိတရား၊ ဘာသာရေးအသိဉာဏ် ကင်းမဲ့ခဲ့ပါမူ အတ္တမာန တံခွန် ထူနိုင်သော၊ ဒေါသအာဃာတ ထူထဲသိပ်သည်းစေနိုင်သော အဆိပ်အတောက်တို့ ၀င်စွက်လာလေတတ်၏။ စိတ်ရင်းသဘောထား ကောင်းမွန်ပြည့်ဝသော်လည်း လူနာအပေါ် ဆက်ဆံရေးကျဲသော၊ မောက်မာသော၊ အမြဲအော်ဟစ် ငေါက်ငန်းလေ့ရှိသော ပါမောက္ခကြီးများကို တွေ့ဖူး၏။ ပိုက်ဆံပေး၍ ကုသလာသော လူနာကို ပင် စိတ်ချမ်းသာအောင်မပြောဆိုဘဲ ငေါက်ငန်းနေသည်မှာ အံ့သြစရာ။ နိုင်ငံရေးသွေး မရောမယှက် ဆေးပညာ သက်သက်ဖြင့်ပင် လူနာအပေါ် ဤသို့ဆက်ဆံသည်မှာ ပညာမာန်ကြောင့်ဖြစ်၏။ အကယ်၍ အဆိုပါအတ္တမာန များအပေါ် နိုင်ငံရေးသွေးပါ ရောယှက်ထုံမွှမ်းခဲ့လျှင်မူ ကြင်နာသူမှ ရက်စက်သူ ရက်စက်သူမှ ကြမ်းကြုတ်သူ၊ ပျော့ပျောင်းသူမှ တင်းမာသူ၊ ရိုကျိုးသူမှ မောက်မာသူ၊ နှိမ့်ချသူမှ ခက်ထန်သူများမဖြစ်နိုင်ဟု မည်သူ အာမခံနိုင် ပေမည်နည်း။

စာရေးသူသည် လူ့လောကနှင့် ဆက်သွယ်ရေးကိရိယာဟူ၍ သတင်းစာတစ်စောင်သာ ဖတ်ရှုခွင့်ရ လေရာ CDM သတင်းပါလျှင် မလွတ်တမ်း ဖတ်မိလေ၏။ မန္တလေးဆေးရုံကြီးမှ မွေးကင်းစကလေးငယ် ရာကျော်သတင်းကား ဆေးလောက၌ ကြောက်မက်ဖွယ်သတင်းကြီး ဖြစ်နေမည်ပင်။ မွေးလူနာများ၊ အရေးပေါ် လူနာများ၊ အရေးကြီးလူနာများ မည်မျှသေဆုံးကုန်ကြပြီမသိ။ ရက်စက်ဝံ့ပါသော ဆရာ၀န်များပေတည်း။ နိုင်ငံရေးသွေး၀င်ခြင်း၊ နိုင်ငံရေးပိုး ကူးစက်ခံရခြင်းကြောင့် ဤသို့ ရက်စက်ကြမ်းကြုတ်သွားခြင်း ဖြစ်သည်ဟု ဆိုလျှင် ငြင်းဆန်ဝံ့သူရှိမည်လော။

နိုင်ငံရေးဆရာ၀န်နှင့် နိုင်ငံရေးသွေး

မန်းသပိတ်စခန်းအမှုဖြင့် မတရားဖမ်းဆီးခံရသော မန္တလေးမှ ကျူရှင်ဆရာ၊ အမျိုးသားရေးသမားတစ်ဦး သည် ခါးရိုးတီဘီဝေဒနာ ခံစားနေရ၏။ ထိုင်လည်းမထိုင်နိုင်၊ ထလည်းမထနိုင်၊ လှဲလည်းမလှဲနိုင်၊ တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ရလျှင် သေလုမြောပါး ခံစားရ၏။ ဤသို့ဖြင့် ဆေးရုံကြီး၌ ကုသခွင့်ရ၏။ နိုင်ငံရေးဆရာ၀န် များနှင့် ကြုံရ၏။ တာ၀န်အရ ၀တ်ကျေတန်းကျေလေး ကြည့်ပေး၏။ လူနာတင်ပြသည်များကို နားထောင်သည်ကလည်း အဆန်း။ အဝေးတစ်နေရာတွင်ရပ်၍ ကျောပေးနားထောင်ခြင်းဖြစ်၏။ အဖြေပေးသည့်အခါ၌လည်း ကျောပေး၍ ဖြေဆို၏။ လူနာသည် သူတို့အစိုးရကို သပိတ်မှောက်သည့်လူနာဟု တထစ်ကျ မှတ်သားထားကာ စေတနာမပါ၊ သဒ္ဓါလည်း မွဲပုံပေါ်၏။ အမှန်တွင်မူ အဆိုပါလူနာသည် သပိတ်စခန်းသို့ ဆွမ်းလှူသွားသည့် အလှူရှင်အဖွဲ့နှင့် လိုက်ပါသွားဖူးရုံသာဖြစ်၏။ သတင်းသမားများက နိုင်ငံရေးအာဃာတဖြင့် မတရားဖိအားပေး ရာမှ NLD အစိုးရက မတရားဖမ်းဆီးခြင်းဖြစ်၏။ ထိုလူနာသည် တရားရုံး၌ ကျန်းမာရေးအာမခံ တောင်းလေ၏။ ပုံမှန်ဆိုလျှင် ထောင်ဆရာ၀န်၏ ဆေးစာပါလျှင် အာမခံပေးသင့်-မပေးသင့် ဆုံးဖြတ်မိန့် ချနိုင်သည်သာဖြစ်၏။ သို့သော် NLD အစိုးရက ဆေးရုံကြီးမှ ဆရာ၀န် တရားရုံးဆင့်ခေါ် လျှောက်လဲခိုင်း၏။ ထိုဆရာ၀န်ကလည်း ဗုဒ္ဓဘာသာ၀င်မဟုတ်။ ၎င်းက လျှောက်လဲချက်ပေးသွားသည်မှာလည်း အဆန်းပင်။ သေလောက်သည့်ရောဂါ မဟုတ်ပါဘူး။ အာမခံပေးစရာ မလိုပါဘူးဟူ၏။ ဧရာမကြောက်ဖွယ် ဆရာ၀န်များပါတကား။ ထိုသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရသည့်အခါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့၏။ ထိုအမျိုးသမီး ဆေးသွားကုသည့်အခါ ဆေးရုံကြီးမှ နိုင်ငံရေးဆရာ၀န်များနှင့် ကြုံရ၏။ သရော်ကြသည်၊ လှောင်ပြောင်ကြသည်။ ရွဲ့သလိုလို၊ ခနဲ့ သလိုလို ပြောဆိုပြက်ရယ်ပြုကြလေ၏။ စာရေးသူသည် ထိုအသံဖိုင်များနားထောင်၍ မှတ်ချက်ချမိသွား ၏။ ရက်စက်မှကြေကွဲ၊ ရဲမှမင်းဖြစ်ဟူသကဲ့သို့ ကျန်းမာရေးဆရာ၀န်မှ နိုင်ငံရေးဆရာ၀န်ဘ၀သို့ ရောက်ရှိ သွားသဖြင့် လူနာအပေါ် ရက်စက်ဝံ့ကြပြီတည်း။

နိုင်ငံရေးမူလတန်းကျောင်းသားများ

အမှန်အားဖြင့် ယခု CDM လုပ်နေသော ဆရာ၀န်များသည် မိမိတို့နယ်ပယ်ဖြစ်သော ဆေးပညာရပ်၌ ဆရာတစ်ဆူဖြစ်သော်လည်း နိုင်ငံရေးအရာ၌မူ မူလတန်းအဆင့်သာ ရှိပေ၏။ စစ်ဘက်ဆိုလျှင် မုန်းသည်။ အရပ်ဘက်ဆိုလျှင် ချစ်သည်။ ချစ်ခြင်း၊ မုန်းခြင်း တစ်ခုတည်းဖြင့် နိုင်ငံရေး၀င်လုပ်ကြခြင်းဖြစ်၏။ အာဏာသိမ်း ခြင်းနှင့် အာဏာထိန်းခြင်း မကွဲပြား၍သာ CDM ကို ဆုပ်ကိုင်ထားကြခြင်းဖြစ်၏။ န၀တ အာဏာသိမ်းစဉ်က အခြေခံဥပဒေ ဖျက်သိမ်းပစ်၏။ ယခုလုံး၀မဖျက်။ မဖျက်သည့်အပြင် အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်နေ၏။ န၀တ လက်ထက်၌ တစ်ပြည်လုံး စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထား၏။ ယခု အရပ်ဘက်အုပ်ချုပ်ရေးသာရှိ၏။ (ဆိုးသွမ်းလွန်းသည့် ခြောက်မြို့နယ်ကိုပင် မတတ်သာ၍ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။) န၀တ လက် ထက် ခရိုင်အဆင့်မှ ဗဟိုအဆင့်ထိ စစ်သားများသာ ထားရှိ၏။ ယခုမူ အောက်ခြေအဆင့် လုံး၀မပြောင်းလဲမူ၍ တိုင်းအဆင့်၊ ပြည်နယ်အဆင့်ထိ အရပ်သားများသာ ထားရှိ၏။ ပြည်ထောင်စုအဆင့် ၀န်ကြီးများသည်ပင် အရပ်သားအများစုဖြစ်၏။ န၀တ လက်ထက်၌ အုပ်ချုပ်ရေးကောင်စီကို စစ်သားများဖြင့်သာ ဖွဲ့စည်းထား၏။ ယခုမူ စစ်သားနှင့် အရပ်သား ပေါင်းစပ်ထား၏။ န၀တ လက်ထက် ရွေးကောက်ပွဲသည် အာမခံချက်လုံး၀မရှိခဲ့။ ယခုမူ အာမခံချက် အပြည့်အဝပေးထား၏။ လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက်ကိုးရပ်တို့ကို ကြည့်လျှင်ပင် အာဏာသိမ်းခြင်းလော၊ အာဏာထိန်းခြင်းလော ခွဲခြားနိုင်၏။ ဤမျှလောက်ပင် မသိမမြင်ကြသည့် CDM ဆရာ၀န်များ၏ နိုင်ငံရေးကို မူလတန်းအဆင့်ဟု သတ်မှတ်
ကြခင်းသည် လွန်အံ့မထင်။

မှိုင်းမိမှိုင်းထိ ဗလိုင်းအသိ ဆရာ၀န်ကြီး

နိုင်ငံရေးဝိပလ္လာသ ဖုံးအုပ်နေ၍လော၊ ချစ်ခြင်း-မုန်းခြင်း အစွန်းရောက်နေ၍လော မပြောသာသော် လည်း မြို့ကြီးများဆိုလျှင် ဒုတိယဆေးရုံအုပ်ကြီးအဆင့်၊ မြို့ငယ်များဆိုလျှင် ဆေးရုံအုပ်ကြီးအဆင့်ရှိသော ဆရာ၀န်ကြီးတစ်ဦးက စာရေးသူအပေါ် အထင်လွဲကာ နာကြည်းမုန်းတီးနေလေ၏။ ယန်ဟီးလီကို မေတ္တာပို့ သည်ကို ၎င်း၏မယ်တော်ကို မေတ္တာပို့သည်ဟုဆိုကာ အကြည်ညိုလွန်၍ မုန်းတီးနေခြင်းဖြစ်၏။ သူတစ်ဦး တည်း မုန်းတီးနေရုံဖြင့် အားမရသေး။ သူ့အသိုင်းအဝိုင်းများပါ မုန်းတီးအောင် လိုရင်းလေးကွက်၍ ဖြတ်ယူထား သော ရုပ်သံဖိုင်လေးကို လိုက်ပြ၏။ ဆရာတော်တစ်ပါးကို ပြမိသည့်အခါမူ အရှက်ရသွားခဲ့လေတော့၏။ ဆေးရုံအုပ်ကြီးအဆင့်နှင့် မတန်ပါဟု ကဲ့ရဲ့ခံလိုက်ရလေ၏။ တိုင်းပြည်၏အန္တရာယ်ကို ကာကွယ်သော စကား၊ တိုင်းပြည်၏ရန်သူကို ခုခံသောစကားကိုပင် သူတို့အမေကို စော်ကားသောစကားဖြစ်အောင် အနီမှိုင်း တိုက်ခံလိုက်ရသော ဆရာ၀န်ကြီးခမျာ ဦးတည်ချက် မလှဘဲ အရှက်ရသွားလေ၏။

နိုင်ငံရေးမူကြိုဆရာ၀န်လေးတွေ

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလ၌ မန္တလေးသို့ ဒေါ်အောင်ဆန်းစုကြည်လာ၏။ တံတားဦးလေဆိပ်မှ မန္တလေးမြို့သစ်ကွင်းအထိ ယာဉ်တန်းကြီးနှင့် လူအုပ်ကြီး ကျပ်ညပ်နေ၏။ ကြိုဆိုကြသည့် ဗီနိုင်းဆိုင်းဘုတ်ကလည်း စုံလင်၏။ ထိုအထဲတွင် ဒုတိယဘုရားသခင် (Second God) ကယ်တင်ရှင် စာတန်း တစ်ခုပါ၏။ ထိုစာတန်းကိုကိုင်၍ ကြိုဆိုသည်မှာ ဆရာ၀န်များပင် ဖြစ်လေသည်။ စာရေးသူထံ အမြဲတမ်း ၀င်ထွက်လေ့ရှိသော မွတ်ဆလင်တစ်ဦးက မှတ်ချက်ချ၏။ ဒါတော့ အစွန်းရောက်သွားပြီဟူ၏။ ထိုစာတန်း ကိုင် ဆရာ၀န်များကိုမူ မူလတန်းအဆင့်ဟုပင် ဆို၍ရနိုင်ဦးမည်မဟုတ်ပေ။

NLD သည် အစိုးရကောင်းတစ်ရပ် ဟုတ်လေသလော

ဒီမိုကရေစီဆိုသည်မှာ By the people, For the people, Of the people (ပြည်သူက ပြည်သူ့အတွက် ပြည်သူကို အုပ်ချုပ်ရသောစနစ်) ဖြစ်၏။ အတိုက်အခံကာလ၌ ထို P သုံးလုံးကို အမြဲပြောလေ့ရှိသော NLDပါတီ ခေါင်းဆောင်များသည် အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်ခွင့်ရရှိလာသည့်အခါ ပြောင်းပြန်ဖြစ်သွား၏။ By the power, For the power, Of the power (အာဏာဖြင့် အာဏာက အာဏာအတွက်) အုပ်ချုပ်သွားလေ၏။ Power သုံးခု (P သုံးလုံး) ကို မြင်အောင်ကြည့်နိုင်လျှင် CDM ဆီ သီရဲလိမ့်မည်မဟုတ်။ မြင်အောင်မကြည့်နိုင်၍သာ CDM နေကြခြင်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမားကောင်း ဟုတ်လေသလော

နိုင်ငံရေးသမားကောင်းတို့မည်သည် အမိမြေပေါ် မတ်မတ်ရပ်တည်ရမည်။ ပြည်သူ့အကျိုးကို ရှေးရှုရမည်။ အမှန်တရားကို မြတ်နိုးရမည်။ NLD ပါတီသည် ဤသုံးခုအတွက် မည်သို့အကျိုးပြုခဲ့လေသနည်း။ တိုင်းပြည်အချုပ်အခြာအာဏာကို တန်ဖိုးထားရမည့်အစား အေနာက်တံခါးကို ချိုးပစ်၏။ အန္တရာယ်ကြီးသော လူသားမျိုးနွယ်ကို အစုလိုက်အပြံုံလိုက် အလုံးအရင်းဖြင့် ခိုးသွင်း၏။ OIC နှင့် လက်ဝါးချင်းရိုက်ကာ ICJ ရောက်အောင် လုပ်ခဲ့၏။ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်မည်ဟု လှည့်ဖြားကာ တိုင်းပြည်အန္တရာယ်ကျအောင် လျှောက်လဲချက်ပေးခဲ့၏။ ထို့နောက် ICJ ရုံးမှအပြန် ရွေးကောက်ပွဲမတိုင်မီ ကာလတစ်လျှောက်လုံး OIC အလိုကျ ဘင်္ဂလီအရေးများကိုသာ ဖော်ဆောင်ပေးခဲ့၏။ အချုပ်အခြာအာဏာကို တန်ဖိုးမထားသည့် အဆင့်မျှပင် မရှိတော့ဘဲ တိုင်းပြည်သစ္စာဖောက်အဆင့်၊ တိုင်းပြည်ကို ရောင်းစားသည့်အဆင့်ထိသို့ပင် ရောက်ရှိခဲ့လေ၏။

အို ... CDM ဆရာ၀န်အပေါင်းတို့၊ သင်တို့ ထောက်ခံအားပေးနေသော NLD သည် တိုင်းပြည်ကို ရောင်းစားခဲ့ကြမှန်း သိကြလေသလော။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်တို့သည် ပြည်သူနှင့်အတူ၊ ပြည်သူသာလျှင် အဓိက စသည်ဖြင့် အမြဲတမ်း ပြည်သူကို ဦးထိပ်ထားလေဟန် လှည့်စားခဲ့ကြ၏။ သူတို့အတွက် ပြည်သူတို့သည် မဟာရံတံတိုင်းကြီးကဲ့သို့ ဖြစ်နေလေ၏။ သူတို့ဆောင်ပုဒ်အတိုင်း အမှန်တကယ် ပြည်သူ့အကျိုး ရှေးရှုခဲ့ကြလေသလော။ အခွန်အခများ တိုးကောက်ကာ ပြည်သူကို အခွန်ဖြင့်နှိပ်စက်၏။ အခွန်ဆောင်ထားသည့် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေများကို ဖြုန်းတီးခြင်းပေါင်း စုံလင်စွာဖြင့် ဖြုန်းတီးပစ်ကြ၏။

အို ... နိုင်ငံရေးဆရာ၀န်အပေါင်းတို့၊ ပြည်သူကို ညာစားနေသော NLD အစိုးရ၏ ဖြုန်းတီးမှုပေါင်းစုံကို သင်တို့မြင်အောင် ကြည့်နိုင်လေသလော။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားကြီးများသည် အမှန်တရားကို မြတ်နိုးလေဟန် အမြဲတမ်းကြွေးကြော်ခဲ့ကြ၏။ ၎င်းတို့သည် ၎င်းတို့ကြွေးကြော်သည့်အတိုင်း အမှန်တရားကို အမှန်တကယ် မြတ်နိုးကြလေသလော။ ၀င်းနှင့် ဇော်အရေးအတွင် သံရုံးကိုစာပို့ခြင်း၊ ထိုင်းအစိုးရထံ မေတ္တာရပ်ခံခြင်း၊ ထိုင်းအစိုးရနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ပြည်သူကို နှစ်သိမ့်အားပေးခြင်းများ ပြုလုပ်ခဲ့လေသလော။ ပြည်သူ့အတွက်၊ အမှန်တရားအတွက် မည်သို့များ ရပ်တည်ပေးခဲ့လေသနည်း။

သမ္မတနှင့် အတိုင်ပင်ခံပုဂ်္ဂိုလ်တို့ အွန်လိုင်းစနစ်ဖြင့် နေ့စဉ်မဲဆွယ်နေခြင်း၊ ဆိုင်းဘုတ်ထူ၊ အောင်လံလွှင့်ကာ ပါတီလုပ်ငန်း ဗြောင်လုပ်နေခြင်းသည် မှန်ကန်သည်၊ တရားသည်၊ မျှတသည်၊ ဥပဒေနှင့်ညီသည်ဟု ယူဆပါသေလာ။ မဲစာရင်းဖောင်းပွမှုကို မဖြေရှင်းဘဲ ဇွတ်အတင်းအစိုးရဖွဲ့ရန် လွှတ်တော်ဇွတ်ခေါ်နေခြင်းသည် သိက္ခာရှိသော အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်ဟု မှတ်ထင်နေသလော။

အို ... CDM ဦးဆောင် နိုင်ငံရေးဆရာ၀န်အပေါင်းတို့ အမှန်တရားဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ပါးစပ်ဖျားတွင်သာရှိ၏။ ရင်ထဲ၌ လုံး၀မရှိ။ ဤသည်ကို သင်တို့သိလေသလော။

ဆရာ၀န်နိုင်ငံရေးနှင့် ဘောလုံးပွဲနိုင်ငံရေး

စာရေးသူသည် နိုင်ငံရေးသမားကောင်းတစ်ဦး၏ အရည်အချင်းများကို ၎င်းသုံးချက် (နိုင်ငံ၊ ပြည်သူ၊ အမှန်တရား) ဖြင့်သာ အကဲဖြတ်လေ့ရှိပါသည်။ ဤသို့ဆိုလျှင် အချုပ်အခြာတန်ဖိုးလည်း NLD မသိ (နိုင်ငံ)၊ ပြည်သူကိုလည်း မည်သည့်ကောင်းကျိုးမျှ လုံး၀မပြု (ပြည်သူ)၊ အမှန်တရားဘက်တွင်လည်း NLD မရှိ (အမှန်တရား)၊ သို့ပါလျက် အဘယ်အတွက် NLD ကို ထောက်ခံနေကြသနည်း။ စစ်သားမုန်းရုံသက်သက်ဖြင့် NLDကို တစ်သက်လုံး ထောက်ခံရမည်ဆိုသည်မှာ ဆရာ၀န်နိုင်ငံရေးများ ဖြစ်လေသလော။

ထို့ကြောင့် နိုင်ငံရေးမည်သည် တိုင်းပြည်အရေးသာဖြစ်၏။ တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်။ ပြည်သူ့အရေးသာဖြစ်၏။ ပြည်သူ့မျက်နှာကိုသာ ကြည့်ရမည်။ အမှန်တရားအရေးသာဖြစ်၏။ အမှန်တရား မျက်နှာကိုသာ ကြည့်ရမည်။ စစ်သား၊ အရပ်သား မခွဲခြားဘဲ တိုင်းပြည်အကျိုးပြုသည့်အစိုးရ ကိုယ့်အစိုးရ၊ ပြည်သူအကျိုးပြုသည့်အစိုးရ ကိုယ့်အစိုးရ၊ အမှန်တရားဘက်တွင် ရပ်တည်သောအစိုးရ ကိုယ့်အစိုးရဟုသာ သတ်မှတ်ရပေမည်။ နိုင်ငံရေးကို ဘောလုံးပွဲကြည့်သကဲ့သို့ အသင်းစွဲဖြင့် အားပေးရန်မသင့်ပေ။

NLD မှာ အမှန်တရားမရှိ

အစပထမပိုင်း၌ မခံချင်စိတ်ဖြင့် CDM လုပ်သည်ကို လက်ခံ၏။ ပြည်သူထိခိုက်နစ်နာမှု ကြီးမားနေပါလျက် ကျားကျားမီးယပ်ပမာ CDM လုပ်နေခြင်းကား အမှန်နှင့် အမှား မခွဲခြားတတ်မှန်း ပေါ်လွင်၏။ ယခင် UEC တရားပါသည်၊ မှန်ကန်ပါသည်ဟု သင်တို့အာမခံနိုင်လေသလော။ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် NLD အမတ်များသည် မှန်ကန်ပါသည်၊ ဖြောင့်မတ်ပါသည်ဟု အာမခံနိုင်လေသလော။ အနိုင်ရခဲ့သည့် မိမိတို့ မဲဆန္ဒနယ်မြေအသီးသီးတွင် သန့်ရှင်းစွာအနိုင်ရခဲ့ခြင်းဖြစ်ပါသည်ဟု အာမခံချက်ပေးနိုင်ပါသလော။ ယခု UEC ဖြေပြထားသည့် အရှုပ်ထုပ်ကို မည်သို့ဖြေရှင်းပေးနိုင်သနည်း။ ထို့ကြောင့် NLD တွင် အမှန်တရားမရှိဟု ဆိုခြင်းဖြစ်၏။ ဤသို့မျှ မသိသူများကို နိုင်ငံရေးမူလတန်းအဆင့်ဟု သတ်မှတ်ခြင်းဖြစ်၏။

ပြည်သူသေလျှင် သေပါစေ CDM မှ CDM

မည်သို့ဆိုစေ ရုပ်နာမ်ဓမ္မ သင်္ခါရကို ဖြစ်ပျက်ရှုကာ အမြဲတမ်း ဒိဋ္ဌိခွါ၍နေသော ဝိပဿနာယောဂီ (ဂေါပက) များသည်ပင် နိုင်ငံရေးသွေး၀င်လာသည့်အခါ သံဃာကို သံဃာဟုပင် မရှုမြင်နိုင်တော့ဘဲ NLD ကို မထောက်ခံသော ဘုန်းကြီးဆိုလျှင် နိုင်ငံရေးဘုန်းကြီးဟု သတ်မှတ်ကာ ကျောင်းရိပ်မနင်းစေရ၊ ကျောင်းမြေ ခြေမချရဟု ခွဲခြားဆက်ဆံလေ့ရှိရာ နိုင်ငံရေးသွေး၀င်နေသော ဆရာ၀န်များသည် လူနာကိုပစ်ထားသောအားဖြင့် ပြည်သူအပေါ် ရက်စက်ဝံ့ကြသည်ကိုကား အဆန်းကြီးဟု မဆိုသာချေ။ သို့သော် သူတစ်ပါးအသက်ကို ကယ်မြဲဖြစ်သော ဆရာ၀န်များသည် သူတစ်ပါးအသက်ကို ပစ်ထားသောအားဖြင့် အသက်ပေါင်းများစွာ သေကျေပျက်စီးစိမ့်သောငှာ နိုင်ငံရေးလုပ်ခဲ့ကြဖူးသည်ဟူသော သမိုင်းဆိုးကြီးကား မြန်မာ့နိုင်ငံရေးတွင် စွန်း ထင်းကျန်နေရစ်မည်သာ ဖြစ်ပေ၏။

သွေးပေသောလက်မှ သွေးစွန်းသောလက်သို့

သတင်းစာများ၌ ၀ရမ်းထုတ်ခံထားရသော ဆရာ၀န်စာရင်းများ ဓာတ်ပုံနှင့်တကွ ပါလာသည်ကို တွေ့ရတိုင်း ၀မ်းနည်းမိပေသည်။ ယခင်က အလုံးအရင်းဖြင့် ထောင်ကျသည်ဟူ၍ သံဃာ၊ ကျောင်းသား၊ နိုင်ငံရေးသမားများသာ ကြားဖူး၏။ ယခုအခါ၌ကား အနုပညာရှင်နှင့် ဆရာ၀န်များလည်း အစုလိုက်အပြုံလိုက် ထောင်ကျရတော့မည့်အရေး ဖြစ်နေသောကြောင့်တည်း။ တစ်ခုအမြတ်ရသည်မှာ အကျဉ်းထောင်နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ထိရသည့်အခါ အကျဉ်းသားတို့၏ ဒုက္ခသုက္ခများ၊ အကျဉ်းထောင်၏ လိုအပ်ချက်များကိုလည်း လက်တွေ့သိမြင်လာရပေလိမ့်မည်။ ထိုအခါ လခယူ၍ ဆေးကုရမည့်လုပ်ငန်းကို စွန့်လွှတ်ခဲ့သော ဆရာ၀န်များသည် လခမရဘဲ ဆေးကုရမည့်လုပ်ငန်းကို ကျေကျေနပ်နပ်ကြီး လုပ်ကြရမည့်အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ ရရှိနိုင်ခြင်းပင်။ ထောင်ထဲတွင် နေ့စဉ်နိုင်ငံရေးဆွေးနွေးလျက် ခေတ်တစ်ခုကို ဖြတ်သန်းရသည့်အခါ နိုင်ငံ၊ ပြည်သူ၊ အမှန်တရားဟူသော နိုင်ငံရေးလက်စွဲဆောင်ပုဒ်ကို ကိုင်စွဲမိသည့်အခါ၌ နိုင်ငံရေးဟူသည် ဆေးထိုးအပ်ကိုင်တတ်ရုံ၊ နားကြပ်ထောက်စမ်းတတ်ရုံ၊ ကွန်ပျူတာဖတ်တတ်ရုံ၊ ဓာတ်မှန်ရိုက်တတ်ရုံ၊ ခွဲစိတ်ကြည့်တတ်ရုံလောက် ရိုးရှင်းသောအလုပ်မဟုတ် ဆိုသည်ကိုကား ဘ၀ချီပေးဆပ်ရစဉ် သိမြင်လာလိမ့်မည်ဟု ယုံကြည်မိပါ၏။

ယခင်က သွေးပေခဲ့သော လက်များသည် ယခုအခါ သွေးစွန်းသောလက်များ ဖြစ်ခဲ့၏။ ၀မ်းနည်းဖွယ် ကောင်းပေစွ။

ဤကမ္ဘာနှင့် မဲတုမာတာ

အမှန်အားဖြင့် နိုင်ငံကိုလည်းမချစ်၊ ပြည်သူကိုလည်း အကျိုးမပြု၊ အမှန်တရားဘက်တွင်လည်း လုံး၀ မရှိသော အလုံးစုံပျက်သုဉ်းရေးစီမံချက်ဖြင့် တိုင်းပြည်ကိုရောင်းစားခဲ့လေသူ မဲတုမာတာ မိန်းမကြီးတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်တင်မြှောက်ကာ သစ္စာရှိပြ၊ ချစ်ပြကြလျက် ဘုရားလိုကိုးကွယ်ကြပြီး ထိုမိန်းမကြီးကိုထိလျှင် ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်ကြသော နိုင်ငံရေးဆရာ၀န်များနှင့် နိုင်ငံရေးအနုပညာရှင်များ ထွန်းကားရာ နိုင်ငံဟူ၍ ဤကမ္ဘာတွင် ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံတည်းသာ ရှိလေသတည်း။ ။

ကမ္ဘာကျော်ဆရာတော်
၂၀-၄-၂၀၂၁

Comments