"လက်မှတ်တစ်ချက် ထိုးလိုက်တာနဲ့ နိုင်ငံတစ်နိုင်ငံလုံး အစ္စလာမ်မိုက်ဇေးရှင်း အလုပ်ခံလိုက်ရတာတွေဟာ နိုင်ငံရေးဂျီဟတ်ကြောင့်ပါပဲ"
ပြည်သူ့မှာတမ်းအမှတ်(၃)ပါ။ ခေါင်းစဉ်ကတော့ နိုင်ငံရေးဂျီဟတ်ပါ။ နိုင်ငံတစ်နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် ထူထောင်ဖို့အတွက် မီဒီယာဟာလက်နက်အဖြစ် အရေးကြီးသလို နိုင်ငံရေးသမားတွေကို ခါးပိုက်ထဲထည့်နိုင်ဖို့ အတွက်လည်းပဲ အရေးကြီးပါတယ်။ ဒီအတွက် သူတို့တွေ နိုင်ငံရေးဂျီဟတ် လုပ်ကြတာပါ။
နိုင်ငံရေးဂျီဟတ်ဆိုတာ နိုင်ငံရေးသမားတွေကို ဝယ်လိုက်တာပေါ့ဗျာ။ ကိုယ်ခိုင်းတာ လုပ်ပေးအောင်၊ ကိုယ်ခိုင်းတာလုပ်ပေးအောင်၊ကိုယ်လိုချင်ပုံစံ ခိုင်းလို့ရအောင် ဝယ်လိုက်တာကို နိုင်ငံရေးဂျီဟတ်လုပ်တယ် လို့ ခေါ်ပါတယ်။အဲ့ဒီလို အဝယ်ခံလိုက်ရတဲ့သူတွေ အသံတိတ်သွားတယ်။ လှုပ်ရှားနေတဲ့တွေလည်း ဘာမှမလှုပ်ရှားတော့ဘဲ ငြိမ်သွားတယ်။ ဆန့်ကျင်ဘက်ကို ပြောင်ပြောင်တင်းတင်းရပ်တည်တဲ့သူတွေလည်း ပေါ်လာတာပေါ့နော်။ အဲ့ဒါက နိုင်ငံရေးဂျီဟတ်ရဲ့ အောင်မြင်မှုပါပဲ။
အဲ့ဒီတော့ မြန်မာပြည်မှာ ကြည့်လိုက်လို့ရှိရင် နိုင်ငံရေးသမားတော်တော်များများဟာ ပြည်သူလူထုဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီးတော့ ပြည်သူ့အတွက်၊ ပြည်သူ့အတွက်ဆိုပြီး ခေါင်းစဉ်တပ်ကြတာပေါ့လေ။
အရင်အစိုးရလက်ထက်တုန်းက လျှပ်စစ်မီးတွေကို ပျက်ကြတယ်။ ဒီအခါနိုင်ငံရေးထိုးနှက်ချက်တွေ ပေါ်လာတယ်။ဖယောင်းတိုင်ကမ်းပိန်းဆိုပြီး လုပ်ကြဆိုပြီး လုပ်ကြတယ်။
အဲ့ဒီအထဲမှာ ဦးပဉ္ဇင်းတို့လည်း ပါပါတယ်။ ပြည်သူအတွက် တကယ်လိုအပ်လို့ ကမ်းပိန်းလုပ်ခဲ့ကြတာပါ။ ဖယောင်းတိုင်ကမ်ပိန်းကို စတဲ့သူကတော့ သိမ်းကျုံးပြောရရင် နိုင်ငံရေးသမားတွေပေါ့ဗျာ။ ဒီအစိုးရလက်ထက်တုန်းက မီးပျက်တာပဲ။ ဒါပေမယ့် ဖယောင်းတိုင်ကမ်ပိန်းသမားတွေ ငြိမ်သွားတယ်။ ဘာသံမှ မထွက်တော့ဘူး။ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။
အရင်အစိုးရလက်ထက်တုန်းက ဆင်းရဲသားတွေကို ကင်းလွတ်ခွင့်ပေးပြီးတော့ အသေးစားလုပ်ငန်းရှင်ကနေ အကြီးစားလုပ်ငန်းရှင်တွေအထိ မီတာခတွေ မဆိုစလောက် တိုးမြှင့်ကောက်ဖို့ စီစဉ်ကြတယ်။
နိုင်ငံရေးသမားဆိုသူတွေ ထုံးစံအတိုင်း ပြည်သူ့အတွက်ဆိုပြီးအားလုံးက ဝိုင်းကန့်ကွက်ကြတယ်။ ခေါင်းကွက်ကြတယ်။ခေါင်းစဉ်ကလည်း လှတယ်။ တကယ်လည်း ပြည့်သူ့အတွက် အရေးကြီးတယ်။ အရင်အစိုးရက ဒါကို လက်လျှော့ပေးလိုက်ရတယ်။ ဒီကနေ့ အစိုးရ ဆင်းရဲသားပါမကျန် မီတာခတွေ မတန်တဆတက်တယ်။ ပြည်သူ့အတွက်ဆိုသူတွေ ဆန့်ကျင်ကန့်ကွက်ရကောင်းမှန်း မသိတော့ဘူး။ ဘာသံမှ မကြားရတော့ဘူး။ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဒီအပိုင်းတွေ တွေ့ရတယ်နော်။
အဲ့ဒီလိုပဲ ကျောင်းသားအရေးတော်ပုံ ဟိုနေပြည်တော်အထိ ချီတက်ရတာနဲ့။ ရန်ကုန်မှာ တပ်ပေါင်းစု ပေါင်းဆုံပြီးတော့ တီးလုံးတိုက်ထားရတာနဲ့။ စုံနေတာပဲ။ အရင်အစိုးရကလည်း စိတ်ရှည်လက်ရှည်နဲ့ လွှတ်တော်ထဲအထိ ခေါ်ပြီးတော့ကို နားချတယ်။ ဖျောင်းဖျတယ်။ ဆွေးနွေးတယ်။ ဒါလည်း လုံဝမရဘူး။ သူတို့ကတော့ ပညာရေးအကြောင်းပြပြီး ပညာရေးခေါင်းစဉ်နဲ့ ကျောင်းသားတွေအတွက်၊ ပြည်သူတွေအတွက်၊ ပညာရေးအတွက်ဆိုပြီး လှုပ်ရှားကြတယ်။ ဒီကနေ့ အဲ့ဒီပညာရေ းကျောင်းသားပိတ် ဆင်နွှဲတဲ့သူတဲ့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကြပြီ။ ဒါက တစ်ပိုင်း။
ဟိုလက်ပံတောင်းတောင်ကိစ္စ နိုင်ငံရေးသမားတွေ နည်းမျိုးစုံနဲ့ အားပေးကြတယ်။ ဒီကနေ့ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေရွာဟာ လက်ပံတောင်းတောင်နီးပါးပါးပဲ။ ဘယ်သူမှ အားပေးဖော် မရကြတော့ပါဘူး။နိုင်ငံရေးသမားတွေ ဘယ်ရောက်ကုန်ပြီလဲ မသိတော့ဘူး။ ဒါလေးကို ချိန်ဆလို့ရအောင်လို့ ပဏာမအနေနဲ့ ခင်းပြလိုက်တာပေါ့ဗျာ။
အရင်အစိုးရလက်ထက်က ဒေါ်လာဈေးပဲဖြစ်ဖြစ်၊ ရွှေဈေးပဲဖြစ်ဖြစ်၊ အခြေခံစားသောက်ကုန် ဈေးပဲဖြစ်ဖြစ်ပေါ့။ မဆိုလောက်လေးတက်သွားတာနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ဆိုသူတွေက ဆန္ဒပြကြတယ်။ ဆန့်ကျင်ကြတယ်။ ကန့်ကွက်ကြတယ်။
ဒီကနေ့ အစိုးရလက်ထက် ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေ၊ အဆမတန်ခုန်တက်တယ်။ ဆန်ဈေးတွေ၊ ဆီဈေးတွေ အဆမတန်ခုန်တက်တယ်။ ဒါပေမယ့် အဲ့ဒီကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ဆိုသူတွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားကြတယ်။
ဒါဆိုရင် နိုင်ငံရေးသမားတွေဟာ ပြည်သူလူထုအတွက် အလုပ်လုပ်တာလား။ ကိုယ်လိုလားတဲ့ အစိုးရတစ်ရပ်အတွက် အလုပ်လုပ်တာလား။ ဒါပြည်သူတွေ ကိုယ့်ကိုယ်ကို အဖြေထုတ်လို့ ရသွားပြီ။ ပြည်သူတွေ ကိုယ့်ကိုယ်ကို အဖြေထုတ်လို့ ရသွားပြီ။ ပြည်သူတွေကိုယ်တိုင် အဖြေထုတ်လို့ ရသွားပြီ။
ဒါဆိုရင် နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးလောကကို ကျောခိုင်းသွားလို့ အခု လိုလှုပ်ရှားမှု မရှိကြတော့တာလား။မဟုတ်ပါဘူး။
ဒီလိုပဲ အစိုးရနဲ့ အတိုက်အခံဖြစ်မှာစိုးလို့ မလုပ်ကြတော့တာလား။ ဒါလည်းမဟုတ်ပါဘူး။ ဒါဆိုရင် ဘာလဲ။ သူတို့တစ်တွေကို ဂျီဟတ်အလုပ်ခံလိုက်ရလို့ ပါပဲ။ သူတို့တစ်တွေကို ငွေနဲ့ ဝယ်သွားကြပြီ။ သူတို့တစ်တွေဟာ ရောင်းကုန်ပစ္စည်းတစ်ခုလို အရောင်းခံလိုက်ရပြီ။
NGOတို့၊ INGOတို့။ ခေါင်းစဉ်အမျိုးမျိုးနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့သေးသေးလေးတွေဆိုတာကို ထားလိုက်ဦး။ ကုန်ဈေးနှုန်းကျဆင်းရေးတို့၊ ကျောင်းသားသပိတ်တို့၊ ဖယောင်းတိုင်ကမ်ပိန်းတို့ နိုင်ငံရေးအသေးအဖွဲ လှုပ်ရှားမှုလေးတွေကို ထားလိုက်။NLDပြီးရင် ဒုတိယအင်အားအကြီးမားဆုံး အင်အားစုအဖြစ်မျှော်လင့်ခဲ့ရတဲ့ ကျောင်းသားဟောင်းကြီးများအဖွဲ့၊ သူတို့တစ်တွေကို ကြည့်လိုက်။
ဂျော့ဆိုးရော့ဆိုတဲ့ အမေရိကန်သူဌေးကြီးက သူတို့ကို ၂၀၁၃ခုနှစ်အမေရိကန်ဒေါ်လာ ၇၆သန်းကျော်နဲ့ ဝယ်လိုက်တာပါ။အဲ့ဒီကျောင်းသားဟောင်းကြီးတွေ နာမည်ပေးထားတဲ့ သူတို့ အဖွဲ့အစည်း နာမည်ကိုကဂျော့ဆိုးရော့ အဖွဲ့အမည်ပေါ့။ ဂျော့ဆိုးရော့ တည်ထောင်ထားတဲ့ ကုမ္ပဏီရဲ့ အင်္ဂလိပ်လိုနာမည်ကို မြန်မာလို တိုက်ရိုက်အမည်တပ်ပြီးတော့ အဖွဲ့အစည်းကို အမည်ပေးလိုက်တာ။
အဖွဲ့အစည်းအမည်ပါ ဟိုကဝယ်သွားတာပါဗျာ။ အဖွဲ့ ကြီးတစ်ခုလုံး ဝယ်ပြီးတော့ အဖွဲ့နာမည်ကိုပါ သူကိုယ်ပိုင်အဖြစ်ပြောင်းပေးလိုက်တာပါဗျာ။ အဲ့ဒီတော့ ကျောင်းသားကြီးတွေက နိုင်ငံရေးနှင့် တဖြည်းဖြည်းကင်းကွာသွားပါတယ်။
ဟိုယခင်က နိုင်ငံရေးပဲ လုပ်ခဲ့ရ၊ ကျောင်းသားအရွယ်လည်းဖြစ်။ နှစ်ပေါင်းများစွာလည်းထောင်ထဲမှာနေခဲ့ရ၊ စီးပွားရေးသမားတွေလည်း မဟုတ်။ လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးလည်းမဟုတ်ကြတော့ သူတို့မှာ ကိုယ်ပိုင်စီးပွားရေး ဆိုလို့ ဘာမှမရှိပါဘူး။ ဂျော့ဆိုရော့ ဝယ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့တစ်တွေဟာ ဇိမ်လည်းခံနိုင်သွားကြပြီ။ ချမ်းလည် းချမ်းသာသွားကြပြီ။ ကားအကောင်းစားကြီးတွေလည်း စီးနိုင်နေကြပြီ။
အဲ့ဒီနောက်ပိုင်း သူတို့လှုပ်ရှားမှုတွေ လုံးဝမရှိတော့ပါဘူး။
အဲ့ဒီနောက်ပိုင်း သူတို့အသံတွေ တိတ်နေပါတယ်။ ဂျော့ဆိုးရော့စ် စိတ်တိုင်းကျ စစ်တပ်မကောင်းကြောင်းလောက်ပဲ သူတို့တစ်တွေ ရှေ့ထွက်ပြောနိုင်ကြပါတော့တယ်။
လျှပ်စီးမီးတွေပျက်တာ သူတို့နှင့် မဆိုင်တော့ဘူး။ မီတာခတွေ တိုးမြှင့်ကောက်တာ သူတို့နဲ့ မဆိုင်တော့ဘူး။ ကုန်ဈေးတွေ ကြီးမားနေတာ သူတို့နဲ့ မပတ်သက်တော့ပါဘူး။
အဲ့ဒီလို တခြားတခြားသော ပြည်သူ့အခက်အခဲတွေ မှန်သမျှ သူတို့နဲ့ လုံးဝမပတ်သက်တော့ပါဘူး။ ဂျော့ဆိုးရော့ ပဲက သူတို့ကို ခါးပိုက်ထဲထည့် သွားလို့ပါပဲ။ ဂျော့ဆိုရော့စိတ်တိုင်းကျ သူတို့တစ်တွေ ရပ်တည်နေကြလို့ပါပဲ။ ဂျော့ဆိုးရော့ဆိုတာ အမေရိကန်နိုင်ငံသား ဂျူးသူဌေးကြီးတစ်ယောက်ပါ။
သူဟာ ၁၉၉၇ခုနစ်တုန်းက အာဆီယံတစ်လွှား ငွေကြေးအကျပ်အတည်းတွေ့အောင် ဆော့ကစားနိုင်ခဲ့တဲ့ တကယ့်စီးပွားရေးပညာရှင်ကြီးပါ။
အဲ့ဒီတုန်းက စစ်အစိုးရလက်ထက်ပြည်သူတွေ ဘယ်လောက်အကျပ်အတည်းတွေ့သလဲဆိုတော့ တော်တော်များများကျေးရွာတွေမှာ ဆန်ပြုတ်ပဲ သောက်ကြရပါတယ်။ ထမင်းတောင် မစားနိုင်ပါဘူး။ အဲ့ဒီလောက်ထိအောင် စွမ်းဆောင်နိုင်တဲ့ အမေရိကန်သူဌေးကြီးပေါ့။ ဒီသူဌေးကြီးက ဒီအစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အထိ သွားခွင့်ရပါတယ်ဗျာ။ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ကိစ္စတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေ ဂျော့ဆိုးရော့နဲ့ ပတ်သက်နေပါတယ်ဗျာ။ သူဂိမ်းနေတယ်၊ ကစားနေတယ်ဆိုတာ ထင်ရှားပါတယ်ဗျာ။ မြန်မာပြည်ထဲမှာ သူထောက်ပံ့တဲ့ အဖွဲ့ပေါင်းများစွာ ရှိပါတယ်ဗျာ။ အဲဒီမှာ ဟိုရှေ့နေများအဖွဲ့တို့၊ ဘာတို့တောင် ပါပါတယ်ဗျာ။ အများကြီးပါပဲ။ လူအခွင့်အရေးနဲ့ ပတ်သက်တာတွေရော၊ ဘာတွေရောအကုန်ပါပါတယ်။ အဲ့ဒီတော့ဂျော့ဆိုးရော့က ရောဒီငွေတွေကိုဘယ်ကရသလဲ။ ဂျော့ဆိုးရော့ကလည်း သူ့ကိုယ်ပိုင်ပိုက်ဆံတွေကို မြန်မာပြည်ကို သဒ္ဒါလွန်းလို့ ရက်ရက်ရောရောပေးနေတာ မဟုတ်ပါဘူး။ သူကပွဲစားပါ။ သူက မြန်မာပြည်နဲ့ OIC ကြား နိုင်ငံရေးကစားခွင့်ရတဲ့ နိုင်ငံရေးပွဲစားတစ်ယောက်ပါ။ OIC က သူ့ကို ပုံအောတယ်။ သူက မြန်မာပြည်အတွက် သုံးစွဲတယ်။ အဲ့ဒီမှာ ကျောင်းသားဟောင်းကြီးများအဖွဲ့ဟာ နိုင်ငံရေးလှုပ်ရှားမှု သိပ်မရှိတော့ဘဲနဲ့ ဂျောဆိုးရော့ အစီအမံနဲ့ပဲ ငြိမ်သင့်တဲ့နရာ ငြိမ်သွားပါတယ်။ အသံမထွက်တော့ပါဘူး။ ဘာလှုပ်ရှားမှုမှ မရှိတော့ပါဘူး။
အဲ့ဒီလိုပဲ ရွေးကောက်ပွဲကာလ OICအထောက်အပံံ့နဲ့ အနိုင်ရခဲ့တဲ့ NLDပါတီကလည်း ဂျော့ဆိုးရော့နဲ့ မကင်းပါဘူး။ OIC နဲ့ လည်းမကင်းပါဘူး။ ဒီလို ဖအေတူ သားသမီးချင်းဖြစ်သွားတဲ့အပေါ်မှာ နိုင်ငံရေးအင်အားစုတွေ အကုန်လုံးအသံတိတ်သွားကြတော့တာပါပဲ။ OIC ရဲ့မွေးစားသားသမီးချင်း တူတယ်။ ဂျော့ဆိုးရော့ရဲ့မွေးစားသားသမီးချင်းတူတယ်။ အဲ့ဒီလို ဖအေတူ သားသမီးချင်း ညီအစ်ကို မောင်နှမလိုဖြစ်သွားလို့ မီတာခဘယ်လောက်တက်တက် ဘာသံမှ ထွက်တော့မှာ မဟုတ်တော့ပါဘူး။ ကုန်ဈေးနှုန်းတွေတက်လို့ ပြည်သူတွေ ဘယ်လောက်အကျပ်အတည်းအခက်အခဲတွေ့တွေ့ ပြည်သူဘက် ရပ်တည်တော့မှာ မဟုတ်တော့ပါဘူး။ ဒါဟာ နိုင်ငံရေးဂျီဟတ်ပါပဲ။
နိုင်ငံရေးဂျီဟတ်ကြောင့် မြန်မာနိုင်ငံရေးသမား တော်တော်များများဟာ ရောင်းကုန်ပစ္စည်းတစ်ခုလို ဒေါ်လာနဲ့ အဝယ်ခံလိုက်ရပြီ။ ပြည်သူလူထုအကျိုးစီးပွားလည်း ဘာမှမလုပ်တော့ဘူး။ တိုင်းပြည်အချုပ်အခြာအာဏာအတွက်လည်း ဘာမှမလုပ်တော့ဘူး။ တချို့ မလုပ်တဲ့အပြင် အန္တရာယ်ကြီးတဲ့အလုပ်တွေတောင် လုပ်ကုန်ကြပြီ။ ဆန့်ကျင်ဘက်ကြီး ရပ်တည်လိုက်ရပြီ။
ဥပမာ ဆိုကြပါစို့။ မွေးစားဥပဒေ ဘယ်လောက်အန္တရာယ်ကြီးသလဲ။ ဒီနိုင်ငံရေးသမားတွေ ငြိမ်သားကြပြီ။ ဘာမှမပြောတော့ဘူး။ အဲဒီမွေးစားဥပမာ အောင်မြင်ဖို့ကိုပဲ နိုင်ငံရေးသမားတွေ အင်တိုက်အားတိုက် နောက်ကွယ်ကနေ NGO တွေ၊ INGO တွေနဲ့ ပေါင်းပြီးအားပေးနေကြတယ်။ ဒါဟာ ဆန့်ကျင်ဘက်ရပ်တည်သွားတာ။
ဆန့်ကျင်ဘက်ရပ်တည်မှုကို ဘောင်ထဲကနေရပ်တည်ပြတဲ့ ညင်သာသိမ်မွေ့တဲ့ ပုံသဏ္ဌာန်တွေ့ရပါတယ်။
ဥပမာဆိုကြပါစို့။ မနေ့ကမှ ဝန်ကြီးဖြစ်တယ်။ ဒီကနေ့ တန်းပြောလိုက်တဲ့စကားက ‘‘နိုင်ငံသားဖြစ်ခွင့် ရှိတဲ့သူတိုင်း နိုင်ငံသားဖြစ်စေရမယ်” ဆိုတာပါပဲ။
ကြည့်လိုက်ရင် ဥပမာကို လေးစားသလိုလို မျှတသလိုလို ထင်ရပေမဲ့ နိုင်ငံသားဖြစ်ခွင့်မရတဲ့သူတွေဟာ ဘယ်သူတွေလဲ။ဘာကြောင့် မရတာလဲ။ အဲဒီလူတွေအတွက် ဘယ်သူတွေက တောင်းဆိုကြသလဲ။ အဲ့ဒီလို တောင်းဆိုနိုင်ဖို့ အတွက် ဘယ်သူက ဘယ်သူ့ကို ဘယ်လိုဝယ်ထားသလဲ။ အဲ့ဒီအတွက် အရေးပေါ်ဥပဒေတွေ ပြဌာန်းမပေးရဘူးလား။ အဲ့ဒီအတွက် အရေးပေါ်ဝန်ကြီးဌာနတွေ ထပ်မံပြီးအသစ်တိုးချဲ့ မပေးရဘူးလား။
အဲ့ဒီအတွက် အလုပ်လုပ်ဖို့ ဝန်ကြီးတွေ မခန့်ရဘူးလား။ အဲ့ဒီခန့်လိုက်တဲ့ ဝန်ကြီးက ဒီလိုပြောသောအားဖြင့် ဒီအစိုးရရဲ့ နောက်ကွယ်မှာလည်း ဘယ်သူတွေရှိနေသလဲဆိုတာ ထင်ရှားသွားပြီ။ NLD အစိုးရကိုလည်း OIC က ဝယ်သွားပြီ။
ကျောင်းသားဟောင်းကြီးများအဖွဲ့ကိုလည်း OIC က ဝယ်သွားပြီ။ တခြားတခြားသော အဖွဲ့အစည်းသေးသေးဆိုရင် ပြောစရာမရှိဘူး။
ဒီလိုနိုင်ငံရေးသမားတွေကို တင်းမာတဲ့သူ ပျော့ပျောင်းသွားရအောင်၊ ပြင်းထန်တဲ့သူ နူးညံ့သွားအောင်၊ နူးညံ့တဲ့သူကိုယ့်ဘက် ပါလာအောင် နိုင်ငံရေးအရ စည်းရုံးတာမျိုးကို နိုင်ငံရေးအရစည်းရုံးတာမျိုးကို နိုင်ငံရေးဂျီဟတ်က ပိုပြီးကြောက်စရာကောင်းပါတယ်။
လက်မှတ်တစ်ချက် ထိုးလိုက်တာနဲ့ နိုင်ငံတစ်နိုင်ငံလုံး အစ္စလာမ်မိုက်ဇေးရှင်း အလုပ်ခံရ လိုက်ရတာတွေဟာ နိုင်ငံရေးဂျီဟတ်ကြောင့်ပါပဲ။ အဖွဲ့အစည်းတွေနဲ့ ပတ်သက်နိုင်ငံရေးဂျီဟတ် ဒီမှာပဲ တစ်ခန်းရပ်ပါပြီ။
အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဂျီဟတ်တော့ ပြည့်သူမှာတမ်းအမှတ်(၄)မှာ ဆက်လက်ဟောပြောသွားပါမယ်။
ဝီရသူ ( မစိုးရိမ် )
၁၄-၇-၂၀၁၉
(ဆရာတော်ဦးဝီရသူ ၁၄-၇-၂၀၁၉ တွင်လွှင့်တင်ထားသည့်ဟောပြောချက်များကို စာစီပြီးပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Source:
Comments
Post a Comment