RITZ Cyber Intelligence Services Co.,Ltd ၏ Managing Director ကိုလင်းရဲထွန်း(ခ)သားကြီးသည် ၂၈-၂-၂၀၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ၉၆ ပါးရောဂါဖြင့် ဘဝတစ်ပါး သို့ ကူးပြောင်းသွားကြောင်း အထူးကြေကွဲဝမ်းနည်းဖွယ် ကြားသိရပါသည်။
ကိုလင်းရဲထွန်း ဆုံးပါးသွားခြင်းဟာ နိုင်ငံတော်အတွက် အစားထိုးမရနိုင်တဲ့ ထူးချွန်ထက်မြက်သော White Hacker IT သမားတစ်ဦး ဆုံးရှုံးသွားခြင်းဖြစ်ပါသည်။
ကိုလင်းရဲထွန်းသည် မဆုံးပါးမီအချိန်အထိ နိုင်ငံတော် ဝန်ကြီးဌာနများ၊ ဘဏ်များအား Security ပိုင်းဆိုင်ရာ၊
Cyber ပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။
ကမ္ဘာ့ကွန်ပျူတာသမိုင်းမှာ နာမည်အကြီးဆုံး Hacker အယောက် ၂၀ ထဲမှာ မြန်မာက ကိုလင်းရဲထွန်း ပါတယ် ဆိုတာကို မြန်မာတွေအနေနဲ့ ဂုဏ်ယူတတ်အောင်ဖော်ပြ ရခြင်းဖြစ်ပါသည်။ သူ့ကို မြန်မာမှာ သိပ်မသိကြပေမယ့် ကမ္ဘာမှာတော့ ဒိတ်ဒိတ်ကြဲပညာရှင်တစ်ယောက်ဖြစ်ပါသည်။
ကိုလင်းရဲထွန်းအား ဂုဏ်ပြုသောအားဖြင့် ကျနော်သိတဲ့ အကြောင်းအရာလေးတစ်ခု ပြောပြပါမည် - 👇
ကိုလင်းရဲထွန်းအား US,UK စတဲ့အနောက်နိုင်ငံအစိုးရ များကတော့ “အမွှေးပွယုန်ကလေး” (Fluffi Bunni) ဟု
သိရှိကြပါသည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ US, UK တို့မှ Cyber Security မြင့်မားပါသည်ဟုဆိုကာ စိန်ခေါ်ခဲ့သည့် ကွန်ရက်များကို ထိုးဖောက်ဝင်ရောက်ခဲ့သောကြောင့် စကော့တလန်ယဒ်နှင့် FBI အဖွဲ့တို့၏ အထူးစောင့် ကြည့်ခြင်းခံခဲ့ရပါသည်။
“အမွှေးပွယုန်ကလေး” (Fluffi Bunni) သည် ထိပ်တန်းကွန်ပျူတာလုံခြုံရေးအဖွဲ့အစည်းများအား ဖောက်ထွင်း
ပြီး ပန်းရောင်ယုန်ကလေး ခလုပ်နှိပ်နေပုံ ဓာတ်ပုံနှင့်အတူ “ မွှေးပွယုန်ကလေး သင့်ကိုပိုင်ပြီ” (Fluffi Bunni owns you)ဟုဆိုကာ Website များကို ထိန်းချုပ်လေ့ရှိသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ ဖြစ်စဉ်အပြီးတွင် Security မြင့်မားပါသည်ဟုဆိုသော UK register Net Names ပိုင် အမည်ပေးစနစ်ဆာဗာအားဖောက်ထွင်း၍ ထောင်ပေါင်းများစွာသော UK Website များကို လမ်းလွှဲ ခဲ့သည်။
လမ်းလွှဲထားသော Website စာမျက်နှာတွင် ၎င်းကြိုက် သည့်စာသားများကို ဖော်ပြထားခဲ့သည်။ FBI ၏
Wanted လုပ်ခြင်းခံခဲ့ရသည်။
၎င်းသည် ဖောက်ထွင်းလို့ရကြောင်း သက်သေပြသည့် အနေဖြင့် Security ပိုင်းဆိုင်ရာအဆင့်မြင့်သည့် Web
များ၏ ကြော်ငြာများအား ပန်းရောင်ယုန်ကလေးပုံ ပြောင်းလဲခဲ့သည်။ SANS Institute, Attrition.org, Security Focus, Symantec Crop တို့သည် ကိုလင်းရဲထွန်း၏ ပညာပြိုင် ခြင်းကို အကြီးအကျယ်ခံခဲ့ရသည်။
ထပ်မံလေ့လာချင်ရင်တော့ ဖော်ပြထားတဲ့ link တွေကို ဝင်ကြည့်ကြည့်ပါ။ သူရဲ့ စွမ်းဆောင်ချက်ကိုတွေ့ရပါ
လိမ့်မယ်။
ကိုလင်းရဲထွန်း တိမ်းပါးသွားခြင်းမှာ အနောက်နိုင်ငံများ ကြောက်ရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ IT ပညာရှင်တစ်
ယောက် နိုင်ငံတော်အနေနဲ့ ဆုံးရှုံးသွားခြင်းဖြစ်ပါကြောင်း မိသားစုနဲ့ထပ်တူ အထူးဝမ်းနည်းဖွယ် တင်ပြ
လိုက်ပါသည်။
RIP ပါ ကိုလင်းထွန်းရေ။
ကောင်းမွန်ရာဘုံဘဝ ရောက်ပါစေ။
(1979-2022)
(a) Danny Boy (a) Fluffi Bunni (a) CheeBu
.
Kaspersky က publish လုပ်ထားတဲ့ "A BRIEF HISTORY OF HACKING" မှတ်တမ်းထဲမှာ သူ့နာမည်ကို တွေ့နိုင်ပါတယ်။
.
CNN သတင်းဌာနမှာ ၃-၄-၂၀၀၃ ရက်နေ့က ကိုလင်းထွန်း အကြောင်း ပါခဲ့ဖူးပါတယ်။
.
FBI က most wanted ထဲလဲ ပါဖူးတယ်။ ခေသူမဟုတ်ပါ။ အခြား ကွန်ပျူတာ လောကရဲ့ အကြီးဆုံး မီဒီယာတွေလည်း အမျိုးမျိုး ပါခဲ့ဖူးပါတယ်။
.
.
Comments
Post a Comment